Part (27)

3 0 0
                                    

လေထုထဲတွင် ရစ်သိုင်းနေသည့် မြူငွေ့များမှာ ညဥ့်နက်လေလေ ထူထပ်လာလေ။
သိပ်သည်းလာသည့် မြူငွေ့များကို ညမီးရောင်များတိုးမပေါက်နိုင်တော့။

မဉ္ဇရီမြို့ရှိ မြို့သူမြို့သားများမှာ ပုံမှန် ညချမ်းများကဲ့သို့ပင် ဟန်မပျက် သွားလာလှုပ်ရှားလျက်ရှိ၏။

လမ်းမပေါ်ရှိကားများကလည်း မြူငွေ့များကြောင့် ဘီးကို တစ်ချက်ချင်းစီရွေ့၍ သွားနေရ၏။

စိတ်ရှုပ်ထွေးစရာ အခြေအနေကို ပို၍ ဆိုးရွားသွားစေသည်က...
ကောင်းကင်မှ မိုးစက်များပါ ကျဆင်းလာခြင်းပင်။

လမ်းမများမှာ တဖြည်းဖြည်း လူသူကင်းမဲ့သွားတော့၏။ လမ်းဘေးစျေးသည်များမှာလည်း ခပ်သွက်သွက် ဆိုင်သိမ်းလိုက်ကြသည်။

"မိုးလေဝသခန့်မှန်းချက်မှာလည်း မိုးရွာမယ်လို့ ပြောမထားဘဲနဲ့...
ဘယ်လိုဖြစ်တာပါလိမ့်"

လူတိုင်းနီးပါး စိတ်ညစ်ညူးစွာဖြင့် ကိုယ်စီရေရွတ်လိုက်ကြသည်။

မဉ်ဇရီက ရာသီဥတုက အရင်နှစ်များထက် ပိုမိုကြမ်းတမ်းလာသည်။
စိုက်ပျိုးရေး လုပ်ငန်းများကို မမှီခိုဘဲ ပြည်တွင်းပြည်ပ ခရီးသွားများဆီက အဓိကဝင်ငွေရနေ၍သာတော်တော့သည်။
ထို့သို့ဆိုသည့်တိုင် အခုလို ရုတ်တရတ်ကြီး မိုးရွာချသည့် အချိန်မျိုးဆို ညစျေးများက ဒုက္ခရောက်ရသည်။ ညဘက် အပြင်အလည်ထွက်သည့်သူများ အပျော်တမ်းစီးကြသည့် ရထားလုံးများသည်လည်း သွားလာ၍ မရတော့ချေ။ ပြဇာတ်ရုံများသည်လည်း ဝင်ငွေတဖြည်းဖြည်းလျော့ပါးလာပြီ။

ဒီတိုင်းသာဆို ဒီမြို့တွင် အခြေခံလူတန်းစားများ ရပ်နည်ဖို့ တဖြည်းဖြည်းခက်ခဲလာမည်မှာ မလွဲပေ။

----------------
Laurel ဆေးရုံဝန်းထဲတွင်...

ရှိုင်းဝံ့သူက မိုးရေကြားထဲတွင် ကလေးမလေးအား ကျောပိုး၍ ဆေးရုံတံခါးဘက်သို့ ထွက်လာသည်။

ဂိတ်တံခါးဝမှာ ဆေးရုံဝန်းထဲရှိ နေရာတိုင်းကို လက်နှိပ်ဓာတ်မီးဖြင့် ဟိုထိုးဒိထိုးလုပ်နေကြသည့် လုံခြုံရေးများ ရှိနေ၏။

VEILS OF MINZARIWhere stories live. Discover now