Part (26)

3 0 0
                                    

အပြင်ရှိ အခြားလူနာအခန်းများကမူ လွန်စွာတိတ်ဆိတ်လျက်ရှိသည်။

ထိုက်ဟုန်စစ်သည် ခွန်းယံအား ထပ်ခါထပ်ခါ ဖုန်းခေါ်ကြည့်သည်။

တစ်ဖက်က လုံးဝ မကိုင်ပေ။
ခွန်းယံသာ တကယ်ပြန်သွားခဲ့သည်ဆိုလျှင် များသောအားဖြင့် ဒီလိုအချိန်မျိုးဆို အဆောင်မှာသာ ဂိမ်းဆော့နေမှာမို့ ဖုန်းခေါ်လို့ မရစရာအကြောင်းမရှိ။

ရှိုင်းဝံ့သူမှာ ဆေးရုံက ဝန်ထမ်းတွေကို ဘယ်သို့ မျှားခေါ်သွားသည် မပြောတတ်။ အတွင်းလူနာဆောင်တစ်ခုလုံးတွင် လူရိပ်လူယောင်ဟူ၍ မမြင်ရချေ။

ထိုက်ဟုန်စစ် ရှိုင်းဝံ့သူပေးထားတဲ့ မြေပုံကို ကလေးမလေးအား ထုတ်ပြ၍ မေးလိုက်သည်။

"ဟို ကလေးလေး...
မင်းပြောတဲ့ နတ်သားကိုကိုက ဘယ်နားမှာရှိမယ်ထင်လဲ "

"မီးလည်း မသိ..."

ကလေးမလေးက ဝှီးချဲစီးရတာကို သဘောအကျကြီးကျနေကာ အခန်းထဲကထွက်ရခြင်း၏ အဓိက ကိစ္စကိုမေ့နေလေပြီ။

ထိုက်ဟုန်စစ် မျက်ဆံလှိမ့်လိုက်ပြီး မြေပုံကိုသာ အသေးစိတ်ထပ်လေ့လာလေသည်။ သူ့ အကြိမ်ပေါင်းများစွာ အာရုံဖြန့်ကျက်ကြည့်သော်လည်း ဒီနေရာမှာ ခွန်းယံ၏ အငွေ့အသက်ကိုလုံးဝ မခံစားရပေ။
သို့ပေမယ့် သူ့ မသိစိတ်က ခွန်းယံ သေချာပေါက် ဒီနေရာမှာပဲ ရှိနေမယ်လို့ ခံစားနေရ၏။

သူအခုရောက်ရှိနေသည့် အတွင်းလူနာဆောင်သည် ဆေးရုံ၏ အလယ်ခေါင်အကျဆုံးနေရာဖြစ်သည်။
အပြင်က ဆေးရုံအဆောင်တွေက အတွင်းလူနာဆောင်ကို ပတ်လည်ဝိုင်း၍ ဖွဲ့စည်းတည်ဆောက်ထားသည်။
ဤနေရာက လျှို့ဝှက်နေရာတစ်ခုလို ဖြစ်နေသည့်အပြင် လူနာရှင်တွေလည်း ဝင်ထွက်မနေတာကြောင့် လူတစ်ယောက်ကို ဝှက်ထားဖို့ဆို အကောင်းဆုံး နေရာဖြစ်သည်။

လက်ရှိ ထိုက်ဟုန်စစ်နှင့် ကလေးငယ်သည် မြေညီထပ်မှာရှိနေတာဖြစ်ပြီး အပေါ်မှာ နောက်ထပ် ၅ လွှာရှိနေသေးသည်။
ထိုက်ဟုန်စစ်သည် ဓာတ်လှေကား ခေါ်ထားရင်း မည်သည့် အထပ်ရွေးရမလဲကို ဆဌမအာရုံအားကိုးဖြင့် ခေတ္တ စဥ်းစားနေမိသည်။

VEILS OF MINZARIWhere stories live. Discover now