Part (25)

4 0 0
                                    

*ဒေါက် ဒေါက် ဒေါက် *
*ဒေါက် ဒေါက် ဒေါက် *

ထိုက်ဟုန်စစ် တတိယမြောက် အိမ်သာတံခါးကို သုံးချက်စီ နှစ်ခါ ခေါက်လိုက်သည်နှင့်

"ဘာလို့ အဲ့လောက်တောင် ကြာနေရတာလဲဗျာ ဒီမှာ အနံ့အသက်တွေနဲ့တင် သေတော့မယ် "

ငြူငြူစူစူအသံနှင့်အတူ မျက်နှာမှာ mask နှစ်ထပ် တပ်ထားသည့်  သူနာပြုဝတ်စုံနှင့် အမျိုးသားတစ်ဦးထွက်လာသည်။

ထိုက်ဟုန်စစ်က ပြုံးစစဖြင့်
"စီရင်စုမှူးက လူတွေအများကြီး ကြားထဲမှာတောင် အရူးလို ဟန်ဆောင်ပြီး လှည့်စားနိုင်သေးတာပဲ
အိမ်သာထဲမှာ နှစ်နာရီလောက် နေရတာကတော့ ဘာမှ ပြောပလောက်တဲ့ ကိစ္စမှ မဟုတ်တာ"

"ခင်ဗျား... သက်သက် ညစ်ပတ်ပြီး အချိန်ဆွဲနေခဲ့တာမလား..."
ရှိုင်းဝံ့သူက ထိုက်ဟုန်စစ်၏ အကြံဆိုးကို ရိပ်မိပြီး ထအော်သည်။

"အထင်မလွဲပါနဲ့ ကျနော်က စီရင်စုမှူးလောက် သရုပ်ဆောင် မပီပြင်တော့ အရူးလိုဟန်ဆောင်ပြီး ဝင်လာမယ်ဆိုရင်တောင် သူတို့က မယုံလောက်ဘူးလေ
အခြား လမ်းကြောင်းရှာရတော့ နည်းနည်း ကြာသွားတာပေါ့ "

ထိုက်ဟုန်စစ်ရဲ့ အထက်စီးဆန်တဲ့ မျက်နှာပေးနဲ့ မလိုက်ဖက်သည့် သူ့ ပါးစပ်မှယဥ်ကျေးတဲ့ စကား အသုံးအနှုန်းတွေကို ကြားလေလေ ရှိုင်းဝံ့သူမှာ သွေးတက်ချင်လေလေ။

သူ လူတွေကြားထဲမှာ  အုတ်အော်သောင်းနင်းဖြစ်အောင်လုပ်လိုက်တာကို ထိုက်ဟုန်စစ်က မကျေနပ်ဘူး ဆိုတာကို သူသိသည်။

ဒါကြောင့် တမင် ညစ်တွန်းတွန်းပြီး သူ့ကို လူတွေရဲ့ အညစ်အကြေးအနံ့တွေ ရှူခိုင်းတာ။
ဒီ ဘီလူးအိုကြီးကတော့...

"ကျနော် သဘောပေါက်ပါတယ် ဒီလို ရူးရူးနှမ်းနှမ်းတွေ လုပ်တာကို ခင်ဗျား သဘောမတူဘူးဆိုတာ...
ဒါပေမယ့် ဒီလိုမှ မလုပ်ရင်လည်း ဒီထဲမှာ ဖြစ်နေတာတွေကို အတွင်းကျကျသိရဖို့ အခြားနည်းလမ်းမရှိတော့ဘူးလေ
ကဲပါ အရင် ကြည့်ပြီးမှ ကျနော် မှားလား မှန်လား ဝေဖန်ပေါ့"

ရှိုင်းဝံ့သူက ထိုက်ဟုန်စစ်အား အသင့်ယူလာသည့် သူနာပြုဝတ်စုံ တစ်တစုံနှင့် ဝန်ထမ်းကတ်ကိုပေးလိုက်သည်။

VEILS OF MINZARIDonde viven las historias. Descúbrelo ahora