Part (24)

4 0 0
                                    

မဉ္ဇရီမြို့ စောင့်ကြည့်ကင်မရာ ထိန်းချုပ်ရေးစင်တာက မှတ်တမ်းများကြောင့် ရဲတပ်ဖွဲ့ဝင်များအားလုံး ချက်ချင်းပဲ ကျောင်းမှ ထပြန်သွားရ၏။

Mora ကျောင်းဝန်းထဲသို့ရောက်ရှိလာသည့် ထို လူအုပ်၏ ဇစ်မြစ်ကို သိရှိရန်အတွက် ကနဦးတွင် ကျောင်းအနီးအနားရှိ စောင်ကြည့်ကင်မရာမှတ်တမ်းအချို့ကို တောင်းခံခဲ့တာဖြစ်သည်။

မထင်မှတ်ထားသည်က ထိုလူအုပ်၏ မည်သည့် အရိပ်အယောင်ကိုမျှ ကျောင်းအနီးအနားက စောင့်ကြည့်ကင်မရာများတွင် ဖမ်းယူ၍မရခဲ့ပေ။

ဤသို့ဖြင့် တစ်ဆင့်ချင်း တစ်ဆင့်ချင်း ထောက်လှမ်းရင်း မြို့တစ်မြို့လုံးက စောင့်ကြည့် ကင်မရာများကို ရှာဖွေဖို့ ဖြစ်လာခဲ့သည်။

ထိုမှစကာ ပို၍ ရှုပ်ထွေးသည့် ပဟေဋိကို ဖြေရှင်းရဖို့ အကြောင်းဖန်လာတော့၏။

အကြောင်းကတော့ အများ ပြည်သူနဲ့ သက်ဆိုင်သည့် နေရာများတွင်လည်း Mora တက္ကသိုလ်က စောင့်ကြည့်ကင်မရာ မှတ်တမ်းတွေကလိုပဲ လူရိပ်များကို တွေ့လိုက်ရတာကြောင့်ပင်။ နေရာမတူညီသော်လည်း အချိန်ကတော့ တစ်ထပ်တည်းပင်။
ဉာဏ်အံ့ထူး သေဆုံးသည့်အချိန်ထက် အနည်းငယ်သာ ပိုစောသည့် အချိန်တွင် များစွာသော လူအုပ်ကြီးသည် နေရာအနှံ့တွင် စီတန်းလှည့်လည်နေကြသည်။ အနီးအနားရှိ လူနေအိမ် ဆိုင်ခန်းများနှင့် လုံခြုံရေးဝန်ထမ်းတွေကို မေးပါက ထိုသူတို့က မသိရပါကြောင်း ထိုညက မည်သည့်လူသံမှ မကြားရပါကြောင်းပြန်ဖြေကြသည်ချည်းသာ။

မဉ်ဇရီမွို့တှငျ လူသေ လူပျောက်မှုများရှိနေသော်လည်း ညမထွက်ရ အမိန့်ထုတ်ထားခြင်းမရှိသည့်အတွက် တစ်ညလုံး လူသွား လူလာမပျက် ရှိနေဆဲပင်ဖြစ်၏။ ဒီလောက်များသည့် လူတွေကို မည်သူမှ မတွေ့လိုက်ကြသည့် အချက်က အလွန်ကိုမှ ထူးဆန်းနေသည်။

နောက်နေ့ မနက်တွင် ရဲအရာရှိအချို့ ပြဇာတ်မေဂျာကျောင်းသားကျောင်းသူများအား စစ်ဆေးရန် ကျောင်းသို့ တဖန်ရောက်လာကြပြန်သည်။ မနေ့က စစ်ဆေးဖို့ရောက်လာသည့် ရဲတွေထက် အရေအတွက်လျော့နည်းသွား၏။

VEILS OF MINZARIحيث تعيش القصص. اكتشف الآن