Part (20)

10 1 0
                                    

လက်မှတ်မပါတဲ့ စာရွက်တွေကို မြင်တော့ ခွန်းယံကိုယ်တိုင်လည်း အံ့ဩမိ၏။
ဒီလိုဖြစ်လာမယ်လို့ သူကိုယ်တိုင်လည်း မမျှော်လင့်ထားမိပေ။

ကြားနေဖို့ ဆုံးဖြတ်ခဲ့သူများမှာ အချင်းချင်း ဘာလို့ လက်မှတ်မထိုးတာလဲဟု မေးမြန်းအပြစ်တင်လျက်ရှိသည်။
သို့သော် ဉာဏ်အံထူး အပေါ်မှာ သူတို့ရဲ့ စိတ်ရင်းအမှန်မရှိဘူးဆိုတဲ့ အကျည်းတန်သည့် အမှန်တရားကိုတော့ ပြန်အဖက်ဆည်၍မရတော့ချေ။

ခွန်းယံသည် ကြိုတွေးထားပြီးဖြစ်၏။
အကယ်၍ ပြဇာတ်ကခွင့် အပိတ်ခံလျှင် လက်ရှိအတွက် အနည်းငယ် ထိခိုက်နစ်နာမှု ဖြစ်စေနိုင်သော်လည်း သူ့ရဲ့ ရေရှည်အစီအစဉ်တွေအတွက် ပိုကောင်းသွားသည်ဟု ဆိုနိုင်သည်။
သူဟာ ဒီအလုပ်နဲ့ ပတ်သက်ပြီး အမျိုးမျိုးသော နယ်ပယ်များတွင် အကျွမ်းတဝင်ရှိပြီးသူဖြစ်သည်။
စင်ပေါ်မှာ မဖျော်ဖြေရလျှင် ဖခင်ဖြစ်သူက သူ့အတွက်ချန်ထားခဲ့သည့် Regal ပြဇာတ်ရုံအတွက် သူ့ရဲ့ ငယ်ရွယ်တဲ့ အချိန်တွေကို အပြည့်အဝမြှုပ်နှံနိုင်တာမို့ ဉာဏ်အံ့ထူး၏ အားထုတ်မှုဟာ သူ့အတွက် မကောင်းတဲ့ သက်ရောက်မှုချည်း‌ ဖြစ်စေသည်တော့မဟုတ်‌ပါ‌‌ချေ။

အတန်းထဲကလူတွေ အားလုံး ဉာဏ်အံ့ထူးကို ဘယ်လို စိတ်ပြေအောင် လုပ်ပေးရမလဲ တိုင်ပင်ရင်း ဂယက်ထနေချိန်မှာ ခွန်းယံကတော့ ဖုန်းပွတ်ရင်း ကောင်းမြတ်ဟိန်းဆီက အကြောင်းပြန်လာမယ့် စာကို စောင့်နေလေသည်။

ရွှေဗဟိုရ် ပြဇာတ်ရုံက ပြဇာတ် ဝတ်စုံတွေကို  ကြည့်ဖို့အတွက် သူ့လို အပြင်လူအနေနဲ့ လွယ်ကူလိမ့်မည် မဟုတ်တာကြောင့် ကောင်းမြတ်ဟိန်းအား အကူအညီတောင်းရခြင်းဖြစ်၏။

ကောင်းမြတ်ဟိန်းဆီလာ စာမရောက်လာခင်မှာ စိုင်းသော်ရာသည် မနေ့က သူတို့ကြားမှာ ဘာမှ မဖြစ်ခဲ့သလိုပင် ခွန်းယံ အနားသို့ရောက်လာသည်။
"ဟူး... တော်သေးတာပေါ့ ကြားနေတဲ့သူတွေ များနေလို့ "
ခွန်းယံက မည်သည့်စကားမှ မဆိုပဲ သူ့ရှေ့ကလူအား ရှုတည်တည်သာ ကြည့်နေလေ၏။

"အဆောင်မှာပြန်နေလို့ ဖြစ်ရဲ့လား အဆင်မပြေရင် ငါ့ဆီကို ပြန်လာလေ...
မနေ့ညက ငါ ပို့တဲ့ စာတွေကိုလည်း reply မပြန်ဘူး...
မင်း....မနက်စာရော စားပြီးပြီလား ?
မစားရသေးရင် ကန်တင်းတူတူ သွားကြမယ်လေ..."

VEILS OF MINZARIOnde histórias criam vida. Descubra agora