Part (32)

8 1 0
                                    

ထိုက်ဟုန်စစ်၊ ခွန်းယံနှင့် ကလေးမလေးက စားပွဲ၏ ညာဘက်ခြမ်းတွင်ထိုင်ကာ သွင်မင်းပိုင်နှင့် သိမ့်ဝတီက စားပွဲ၏ ဘယ်ဘက်ခြမ်းတွင်ထိုင်သည်။ ရှိုင်းဝံ့သူက သဘာဝကျကျပဲ စားပွဲ၏ ထိပ်ဆုံးနေရာတွင် နေရာယူလိုက်သည်။

စားပွဲပေါ်တွင် စားကောင်းသောက်ဖွယ်မျိုးစုံကို ပြင်ဆင်ထားသော်လည်း
ထိုက်ဟုန်စစ်မှလွဲ၍ ကျန်သူများမှာ အရသာခံရုံမျှသာ ထိရုံထိကြည့်ကြသည်။

သွင်မင်းပိုင်ကတော့ စားပွဲပေါ်က အစားအစာတွေကို ကြည့်ပင်မကြည့်ပေ။
ဘေးလူများ၏ အမြင်တွင် သူ့ရဲ့ ပင်ကိုယ် နဂါးဗီဇအရ သွင်မင်းပိုင်က နည်းငယ် မောက်မာကာ ကိန်းခန်းကြီးသည့် ပုံပေါက်သည်။ အချိန်အကြာကြီး အလုပ်အတူတူ တွဲလုပ်လာခဲ့သည့် ထိုက်ဟုန်စစ်သာ ထိုပုံစံက သွင်မင်းပိုင်၏ စိတ်ရင်းနှင့် ကွာခြားမှန်း သိ၏။

တကယ်တမ်းတော့ သွင်မင်းပိုင်ဟာ အစာအာဟာရ မှီဝဲဖို့ မလိုတာကြောင့် တိရစ္ဆာန် အသေကောင်တွေကို သူ့ ခံတွင်းထဲသို့ အဝင်မခံနိုင်ပေ။လူ့ဘုံက အစားအသောက်တွေရဲ့ ပါဝင်ပစ္စည်း အများစုသည် သတ္တဝါ တစ်မျိုးမျိုး၏ အသက်နှင့် ဆက်စပ်နေသည်ဟု သိထားတာကြောင့် ဇွန်းကို တစ်ချက်လေးမှမကိုင်။

သိမ့်ဝတီနှင့် ရှိုင်းဝံ့သူကမူ သူတို့ရဲ့ သာမန်လူနှင့် ကွဲထွက်နေသည့် ပုံရိပ်တွေကို ခွန်းယံ သတိများ ထားမိမလားဟူ၍ ဂရုတစိုက် ပြုမူနေတာကြောင့် သူတို့ လှုပ်ရှားမှုတွေက အတော်လေးရို့ကားယားဖြစ်နေကြသည်။

စားပွဲ၏ ထိပ်ဆုံးနေရာမှာ ထိုင်နေသည့် ရှိုင်းဝံ့သူက အနီးဆုံးရှိ သားသက်လွတ် ကော်ပြန့်လိပ် တစ်ခုကို ယူ၍ ဘာမှမစားပဲ ထိုင်နေသော သွင်မင်းပိုင် ပါးစပ်ထဲသို့ ထိုးထည့်လိုက်သည်။

သွင်မင်းပိုင်ရဲ့ မျက်လုံးက ပြူးကျယ်သွားကာ ရှိူင်းဝံ့သူကို ပြာကျမတတ်အကြည့်ဖြင့် ပြန်စိုက်ကြည့်လေ၏။
"မင်းကို ဘယ်နှခါပြောရမလဲ မနက်စာ မစားရင် ဉာဏ်မကောင်းဘဲ နေလိမ့်မယ် ဝါးစား ဝါးပြီး မြိုချ..." ရှိူင်းဝံ့သူက ခွန်းယံကြားအောင် ဟန်ဆောင်ပန်ဆောင်ပြောလိုက်သေး၏။

You've reached the end of published parts.

⏰ Last updated: Oct 09 ⏰

Add this story to your Library to get notified about new parts!

VEILS OF MINZARIWhere stories live. Discover now