UNICODEℝ𝕦𝕝𝕖𝕤 𝕆𝕗 𝕋𝕙𝕖 ℍ𝕖𝕒𝕣𝕥
𝕊𝕖𝕘𝕞𝕖𝕟𝕥{1}
မျက်နှာပေါ်အုပ်ကျနေတဲ့ဆံကေသာတွေကို
သပ်တင်လိုက်တာနဲ့တစ်ပြိုင်နက်
နှဖူးမှချွေးစက ပါးပြင်ထက်ကိုစီးဆင်းကာ
မေးရိုးတွေကိုကျော်ဖြတ်ကာဖြင့်
ညိုညစ်ညစ်ခြေဖဝါးထက်ကို
ပေါက်ခနဲကျလေသည်။“ဟူး........”
သောကကင်းတဲ့လေပူတွေမှုတ်ထုတ်ရင်းမှ
ရဲရဲစိုနေတဲ့နှင်းဆီခြံကြီးကို ဝေ့ကြည့်မိတော့
စိတ်ထဲအတော်လေးသက်သာ၏။“ပင်ပန်းရကျိုးနပ်အောင် ကောင်းကောင်းမွန်မွန်
ကြီးထွားလာတာပဲ!!.....”ပါးစပ်လှုပ်ရုံပြောရင်း နှုတ်ခမ်းတစ်ဖက်
တွန့်လိုက်ပုံက ခပ်ရေးရေးရှိနေတဲ့
နှုတ်ခမ်းမွှေးတွေကိုအပေါ်တိုးတက်သွားစေသည်။ခက်ရင်းခွနဲ့ပေါက်တူးသေးသေးကိုကိုင်ရင်းမှ
သစ်သားအိမ်လေးထဲဝင်လာခဲ့တော့
အစီအရီရှိနေခဲ့တဲ့ပန်းချီကားတွေကလဲ
သူ့ရဲ့ဂုဏ်ယူစရာတစ်ခုပင်....။ရေအိုးကရေတစ်ခွက်ခပ်ရင်းသောက်လိုက်တော့
လျှံကျလာတဲ့ရေစက်တွေက ချွန်ထက်ထက်
လည်စေ့ကိုဖြတ်သန်းကာ ခပ်ပါးပါးဝတ်ထားတဲ့
စွပ်ကျယ်လက်ပြတ်ကြောင့် မွှေးညှင်းစိမ်းတွေရှိတဲ့
ရင်အုပ်ကျယ်နဲ့ အသားကပ်စွပ်ကျယ်
တစ်သားတည်းဖြစ်သွားလေ၏။ချောင်းကြည့်နေမိတဲ့ မိအေးတံတွေးမြိုချရင်း
ကြိတ်ပြုံးရသည်။
ဒီလူကြီးဘာလို့ဒီလောက်တောင်ခန့်ညားနေပါလိမ့်...။ဒီရက်ပိုင်းမဲသွားခဲ့တဲ့အသားအရေတွေက
ခန့်ညားတဲ့ထိုလူကိုလာလာချောင်းရလို့ဆိုတာ
ဝန်ခံပါတယ်....။
အခုလဲနေပူကျဲတဲထဲရပ်နေရပေမဲ့
ဆွဲဆောင်မှုရှိလှတဲ့ပုံရိပ်တွေကသူမကို
အေးမြမှုတွေပေးနေသည်လေ....။
ခန့်ညားလိုက်တာနော်!!!
YOU ARE READING
Rules Of The Heart {Complete}
Romanceသတ်မှတ်ထားတဲ့နှလုံးသားစည်းမျဉ်းတွေထဲမှာ ဦးကိုလက်လျော့ဖို့မပါဘူး....။ သတျမှတျထားတဲ့နှလုံးသားစညျးမဉြျးတှထေဲမှာ ဦးကိုလကျလြော့ဖို့မပါဘူး....။ #နှောင်းငယ်