UNICODE
ℝ𝕦𝕝𝕖𝕤 𝕆𝕗 𝕋𝕙𝕖 ℍ𝕖𝕒𝕣𝕥
𝕊𝕖𝕘𝕞𝕖𝕟𝕥{7}
“ဦးမိတ်လို့ခေါ်မယ်......”
နားထဲတစ်မျိုးကြီးဖြစ်ကျန်ခဲ့တဲ့သူမရဲ့
အသံက ပဲ့တင်ထပ်နေသလိုပါပဲ!!!
မိတ် ဒရင်းဘတ်ပေါ်မှာထိုင်ရင်းမှ အနုစိတ်ကျလွန်းတဲ့ထိုမိန်းကလေးရဲ့မျက်နှာအမူအရာတွေကို
တစ်ဆင့်ချင်းမြင်ယောင်မိသည်။ဟုတ်တယ် တော်တော်ကိုတူတာ!!
သူပဲစိတ်ထင်တာလား??? ဒါမှမဟုတ်
အမှန်တကယ်ပဲဖြစ်နေတာလား??သေချာတာတစ်ခုကတော့ရင်ထဲကို
ကလိသွားတဲ့သူမရဲ့နာမ်စားက သူ့ကိုတစ်ညလုံး
အိပ်မရအောင်ဖန်တီးနေတော့မှာပါ!!!.......
ဘယ်လိုမှမဖြစ်နိုင်တဲ့သူ့ရဲ့အသက်ကို
ပြန်တွေးရင်းရာရာ စိတ်ရှုပ်ရ၏။
၂၃ ၂၄ လောက်ပဲထင်မိတာကို အခုဟာက
၃၀ကျော်ဆိုပဲ.... ရာရာနဲ့ဆို ထက်ဝက်လောက်တောင်ကွာနေတာ....။သွားတိုက်ရင်းမှသူနဲ့ပန်းချီသင်ရမယ်ဆိုတာ
တွေးမိတော့နှုတ်ခမ်းလေးတွေပြုံးမိပြန်သည်။
ပျင်းရမယ်ထင်ထားတဲ့ဒီဇာတိမှာ
ပျော်စရာတွေဖန်လာပေလို့ပေါ့!!!!ရာရာ ပြင်ဆင်မနက်စာစားရင်းမှဖိုးဖိုးဆီဆိုကာ
ဆေးဘူးတွေယူရင်းမှ ထိုအိမ်ကြီးဆီ
လျှောက်လာခဲ့၏။ တစ်ခါထဲပေါင်မုန့်နဲ့အအေးပါ
ဝင်ဝယ်ခဲ့သေးသည်။ မဟုတ်ရင်
နေ့လည်စာစားခါနီးပြန်လာနေရအုံးမှာရာရာ သွားရင်းမှအိမ်ရှေ့ရောက်တော့
တံခါးကခပ်ဟဟပွင့်နေသလို ဦးမိတ်ရဲ့
အရိပ်အယောင်ကိုလဲမတွေ့ရ....။အိမ်ထဲဝင်ကာပန်းချီအစမ်းဆွဲကြည့်ရင်းမှ
ခဏလဲနေရော သံပုံးတစ်ခုကိုင်လာတဲ့သူက
ငါးမျှားတံပါကိုင်ထားတာမို့ငါးသွားမျှားတာမှန်း
သိလိုက်လေ၏။
YOU ARE READING
Rules Of The Heart {Complete}
Romansaသတ်မှတ်ထားတဲ့နှလုံးသားစည်းမျဉ်းတွေထဲမှာ ဦးကိုလက်လျော့ဖို့မပါဘူး....။ သတျမှတျထားတဲ့နှလုံးသားစညျးမဉြျးတှထေဲမှာ ဦးကိုလကျလြော့ဖို့မပါဘူး....။ #နှောင်းငယ်