UNICODE
ℝ𝕦𝕝𝕖𝕤 𝕆𝕗 𝕋𝕙𝕖 ℍ𝕖𝕒𝕣𝕥
𝕊𝕖𝕘𝕞𝕖𝕟𝕥{24}
မနက်လင်းတာနဲ့ မိတ်နိုးတဲ့အခါ
သူမဟာမရှိတော့.....။
ဟိုဟိုဒီဒီလိုက်ကြည့်ပေမဲ့အခန်းထဲမှာ
ရှိနေသေးတဲ့အရိပ်အယောင်မတွေ့တာကြောင့်
ရေချိုးခန်းထဲဝင်ကြည့်တော့လဲမရှိ....။သူရေချိုးရင်းဆင်းလာတော့စားပွဲပေါ်မှာပြင်ထားပြီးသားမနက်စာဝိုင်းနဲ့အတူ သူမရဲ့အရိပ်လေးကိုတော့
အခုထိတောင်မတွေ့ရ....။
ဘာတွေလဲဆိုတာသွားကြည့်လိုက်တော့
ထမင်းကြော်ပဲဖြစ်ကာ သူမလက်ရာမို့
မရိုးနိုင်အောင်စားချင်သည်။ခြံထဲဆင်းကြည့်တဲ့အခါ ပေါက်နေသော
မြက်ပင်တွေကိုအားရှိပါးရှိဆွဲနှုတ်နေသော
သူမကိုတွေ့လိုက်ရ၏။
လက်ကဒဏ်ရာကိုစိုးရိမ်တာကြောင့်
မိတ်အပြေးသွားရင်းသူမလက်ကိုဆွဲလိုက်တော့
မြက်တွေဆုပ်ထားလျက်နဲ့ပါလာသည်။“ဘာတွေလျှောက်လုပ်နေတာလဲကွာ......”
“ဦးမိတ်မလုပ်ရအောင်လုပ်ပေးတာလေ......”
“ကျစ် မလိုဘူး အဲ့တာတွေချထားလိုက်......”
“မရဘူး ပြီးအောင်လုပ်မှာ......”
“ရာရာ ကိုယ်ပြောတာနားထောင်ကွာ......”
“ဦးမိတ်ပဲရာရာပြောတာနားထောင်ရမှာ......”
“ဟာကွာ.....”
တကယ့်ကိုဇွတ်တရွတ်လေးဖြစ်နေတဲ့သူမက
အရင်ပုံစံလေးပေမဲ့ စိုးရိမ်နေတဲ့သူ့မှာတော့
သူမကိုဒါတွေမကိုင်စေချင်......။
အေးဆေးလေးနေပြီး သူ့အနားမှာငြိမ်ငြိမ်လေး
နေစေချင်တာအမှန်ပါ.....။“ဦးမိတ်အိမ်ထဲပြန်ဝင်ပါ ရာရာ
ဒီမြက်ပင်တွေကိုပြီးအောင်ရှင်းပြီးမှ
စိတ်အေးနိုင်မယ်.....”
YOU ARE READING
Rules Of The Heart {Complete}
Romantizmသတ်မှတ်ထားတဲ့နှလုံးသားစည်းမျဉ်းတွေထဲမှာ ဦးကိုလက်လျော့ဖို့မပါဘူး....။ သတျမှတျထားတဲ့နှလုံးသားစညျးမဉြျးတှထေဲမှာ ဦးကိုလကျလြော့ဖို့မပါဘူး....။ #နှောင်းငယ်