UNICODE
ℝ𝕦𝕝𝕖𝕤 𝕆𝕗 𝕋𝕙𝕖 ℍ𝕖𝕒𝕣𝕥
𝕊𝕖𝕘𝕞𝕖𝕟𝕥{21}
“ငါ့တူ မင်းတကယ်ပဲအဲ့လိုလုပ်ခဲ့တာလား.....”
ဦးလေးဖြစ်သူ ဦးသာထူးကပါးစပ်ကသာ
မေးနေပေမဲ့ စိတ်ထဲမှာမယုံဘူးဆိုတာ
မိတ်သိနေသည်။
ထို့ကြောင့်မဖြေပဲနဲ့နေတော့ သူ့ကို
ခေါင်းတဆတ်ဆတ်ငြိမ့်ပြရင်းမှ“ဦးလေးသိတယ် မင်းအဲ့လိုမလုပ်ဘူးဆိုတာ
ဒါပေမဲ့ကွာ ဦးလေးအနေနဲ့
ငါ့တူကိုပြန်လွတ်အောင်မစွမ်းဆောင်ပေးနိုင်ဘူး....”ပြောရင်းမှမျက်ရည်တွေဝဲလာတဲ့ဦးလေးကြောင့်
မိတ် မျက်နှာလွှဲရင်းမှ“သိပါတယ်ဦးလေး ကျွန်တော်တို့လို
လက်လုပ်လက်စားလူတန်းစားတွေက
သူတို့လိုလူကုန်ထန်တွေအတွက်တော့
အသုံးချခံသက်သက်အပြင်မပိုဘူး....
ဒါကြောင့်ဦးလေးလဲဘာမှစိတ်မပူနဲ့
ကျွန်တော်တို့ကအမှန်တရားကိုမပြနိုင်ပေမဲ့
အချိန်ကတော့နေမှာမဟုတ်ဘူး...အမှန်တရားဆိုတာ
တစ်နေ့နေ့ပေါ်လာမှာမို့ ကျွန်တော်တို့
အချိန်ကိုပဲစောင့်ကြတာပေါ့....”၁၆နှစ်ဆိုတဲ့အသက်နဲ့မှမလိုက်
တွေးခေါ်တတ်စွမ်းမြင့်မားတဲ့တူဖြစ်သူကို
ကိုသာထူးကြည့်ရင်းမှယောင်္ကျားတန်မဲ့မျက်ရည်တွေ
ကျဆင်းရင်းမှ တအိအိငိုမိ၏။
မိတ်ကတော့ပြုံးရုံသာပြုံးရင်းမှဦးလေးကို
နားလည်သလိုကြည့်မိသည်။
သူ့ရင်ထဲကမှာအထပ်ထပ်ပြိုကွဲလဲကျနေတာ
မြင်မှမမြင်ရတာ.....သူသာသူ့ဘဝရဲ့ရပ်တည်ရာမို့
သူပြိုလဲသွားလို့မဖြစ်.....။“ဒီကြားထဲအမေနဲ့အဖေ့့ကိုစောင့်ရှောက်ပေးပါ
ကျွန်တော်ပြန်လွတ်လာတဲ့အချိန်ကျရင်
ဦးလေးကိုပြန်ပြီးကျေးဇူးဆပ်ပါ့မယ်.....”
YOU ARE READING
Rules Of The Heart {Complete}
Romantizmသတ်မှတ်ထားတဲ့နှလုံးသားစည်းမျဉ်းတွေထဲမှာ ဦးကိုလက်လျော့ဖို့မပါဘူး....။ သတျမှတျထားတဲ့နှလုံးသားစညျးမဉြျးတှထေဲမှာ ဦးကိုလကျလြော့ဖို့မပါဘူး....။ #နှောင်းငယ်