UNICODE
ℝ𝕦𝕝𝕖𝕤 𝕆𝕗 𝕋𝕙𝕖 ℍ𝕖𝕒𝕣𝕥
𝕊𝕖𝕘𝕞𝕖𝕟𝕥{17}
“ရာရာ သမီး.....”
ဘယ်မှာမှရှာမတွေ့တာကြောင့်တစ်အိမ်လုံး
လိုက်ပတ်ရှာတဲ့အခါ ဒေါ်ညွှန်းဖွဲ့မောလာပြီဖြစ်သည်။
မျက်ရည်တွေလဲဝေ့သီလာရင်းမှ
တစ်ခါထပ်ရှာတဲ့အခါမှာအရိပ်အယောင်
စိုးစိမျှတောင်မတွေ့ရပေ.....။“အန်တီ ရာရာပျောက်လို့လား......”
သူမတို့အဖိုးလိုက်ပတ်ရှာတာကြောင့်
ဖိုးသားသိသိချင်းပြေးလာကာမေးတဲ့အခါ
အန်တီညွှန်းဖွဲ့ကမျက်ရည်တွေနဲ့ခေါင်းညိမ့်လေ၏။
ဖိုးသား ဘေးနားကအဖွားကိုဝေ့ဝဲကြည့်ကာ
အန်တီ့ကိုအပြင်ထွက်လာရန်အချက်ပြလိုက်သည်။“အန်တီ့ကိုကျွန်တော်ပြောမလို့ကိုအခွင့်မသာလို့
ရာရာလေ အန္တရာယ်ရှိတဲ့လူတစ်ယောက်စီ
သွားသွားနေတာကျွန်တော်တွေ့တာကြာပြီ....
ပြီးတော့အဲ့လူကဘာပြစ်မှုနဲ့မှန်းမသိပဲလဲ
ထောင်ကျခဲ့ဖူးတယ် ကျွန်တော်ဒီအကြောင်းတွေ
သိလို့ ရာရာ့ကိုတားတာသူကလက်မခံဘူး....
အခုလဲအန်တီအဲ့ကိုသွားကြည့်ရင်တွေ့နိုင်မယ်ထင်တယ်....”ဖော်ကောင်လုပ်လိုက်ရပေမဲ့ကိုယ့်သူငယ်ချင်းကို
စိုးရိမ်တာမို့ဖိုးသားပြောလိုက်တဲ့အခါ
ဒေါ်ညွှန်းဖွဲ့မျက်ဝန်းတွေတလက်လက်စူးသွား၏။“သူ့နာမည်ကဘယ်သူလဲသိလား.....”
“ကျွန်တော်နာမည်ပဲကြားဖူးတာ မဟာမိတ် တဲ့.....”
“ဟင်.....”
ထိုနာမည်ကိုကြားလိုက်ရတဲ့တစ်ခဏ
သူမတစ်ကိုယ်လုံးမှာရှိတဲ့သွေးတွေ
တစ်စတစ်စဆူပွက်လာရင်းလက်သီးကို
ကျစ်နေအောင်ဆုပ်ထားမိသည်။
သမီးကိုပြန်ပြီးလက်စားချေတာလား????
YOU ARE READING
Rules Of The Heart {Complete}
Romanceသတ်မှတ်ထားတဲ့နှလုံးသားစည်းမျဉ်းတွေထဲမှာ ဦးကိုလက်လျော့ဖို့မပါဘူး....။ သတျမှတျထားတဲ့နှလုံးသားစညျးမဉြျးတှထေဲမှာ ဦးကိုလကျလြော့ဖို့မပါဘူး....။ #နှောင်းငယ်