UNICODE
ℝ𝕦𝕝𝕖𝕤 𝕆𝕗 𝕋𝕙𝕖 ℍ𝕖𝕒𝕣𝕥
𝕊𝕖𝕘𝕞𝕖𝕟𝕥{18}
“သမီး.....”
မာမီခေါ်တာကိုအရေးမလုပ်ပဲနဲ့
ရာရာ အခန်းထဲကိုအမြန်ပြေးဝင်လာတာက
ရင်ဘတ်ကိုတွေ့သွားမှာဆိုးလို့ပါ!!!
မဟုတ်ရင်ဦးကိုမာမီကပိုပြီးအထင်သေးနေအုံးမယ်ရာရာ ပူလောင်နေတာတွေကိုပျောက်စေရန်
ရေချိုးချရင်းနဲ့မှအဝတ်လဲပြီးပြန်ထွက်လာတဲ့အခါ
မာမီကကုတင်ပေါ်ထိုင်ကာ ရာရာဝတ်ဖို့အတွက်
အင်္ကျီထုတ်ပေးထား၏။
ရာရာ လဲဝတ်ရင်းမျက်ရည်ကြည်တွေကို
ပွတ်ဆွဲသုတ်တဲ့အခါ မာမီကအနားကိုလျှောက်လာရင်းမှ“သမီး ဘယ်လိုလဲ သူဝန်ခံလား.....”
မေးသံမှာကစိုးရိမ်မှုရောနေသလို
သိချင်ပုံပေါက်နေတာမို့ရာရာ
မျက်ဝန်းတွေကိုဖိပိတ်လိုက်ရင်းမှ“ဝန်ခံတယ် သူကမာမီ့ကိုလဲမုန်းတယ်ပြောတယ်
ဘာလို့လဲဟင်.....”“မုန်းမှာပေါ့ မာမီကသူ့အကြောင်းကို
ဖော်ထုတ်ခဲ့လို့လေ သူထောင်ကျအောင်
လုပ်ခဲ့တာမာမီပဲမို့လို့.....”မယုံချင်ပေမဲ့မာမီ့စကားနောက်မှာ
ခေါင်းထဲအချက်ပေးသံတွေမြည်ဆာသွားရင်း
မျက်ရည်တွေဝိုင်းလာသည်။
ရာရာတွေးထင်မိတာကဒီတိုင်းပဲပေမဲ့
မာမီပြောလိုက်တာကြောင့်ရာရာသေချာသွား၏။
ဒါဆိုဦးကတကယ်ပဲမိန်းကလေးတစ်ယောက်ကို
မုဒိန်းကျင့်ခဲ့တာလား???“သမီးသူနဲ့ပတ်သတ်တာကမကောင်းတဲ့
ကံတွေရှိနေလို့ပဲ ဒါကြောင့်အခုအဲ့တာကို
အကြောင်းခံပြီးမာမီနဲ့မြို့ပြန်လိုက်ခဲ့နော်
ဟိုရောက်ရင်သမီးအတွက်မာမီအရာရာ
ဖြည်းစီးပေးပြီး သမီးစိတ်ချမ်းသာအောင်
ထားပေးမယ် .....”
YOU ARE READING
Rules Of The Heart {Complete}
Romanceသတ်မှတ်ထားတဲ့နှလုံးသားစည်းမျဉ်းတွေထဲမှာ ဦးကိုလက်လျော့ဖို့မပါဘူး....။ သတျမှတျထားတဲ့နှလုံးသားစညျးမဉြျးတှထေဲမှာ ဦးကိုလကျလြော့ဖို့မပါဘူး....။ #နှောင်းငယ်