UNICODE
ℝ𝕦𝕝𝕖𝕤 𝕆𝕗 𝕋𝕙𝕖 ℍ𝕖𝕒𝕣𝕥
𝕊𝕖𝕘𝕞𝕖𝕟𝕥{22}
“မာမီ......”
ဦးမိတ် ရိုက်လိုက်တာကိုရာရာစိတ်မဆိုးနိုင်.....
သို့ပေမဲ့ မာမီကပြန်လုပ်မှာဆိုးတာကြောင့်
ရာရာ မာမီ့ရှေ့ကာလိုက်ရင်းမှ“မာမီ ရာရာတို့စကားအေးဆေးပြောရအောင်.....”
“မာမီအေးဆေးမပြောနိုင်ဘူး
ဒီကောင်ကြောင့်သမီးဒီလောက်ထိဖြစ်ထားတာကို
အမှတ်မရှိတာလားရာရာ ဒါမှမဟုတ်
ဒီထက်ပိုဖြစ်ချင်တာလား သူအခုပဲမာမီ့ကို
ရိုက်လိုက်တာကိုကြည့်.....”“အဲ့တာဦးမိတ်မမှားဘူးလို့ရာရာထင်တယ်.....”
“ဘာ ရာရာညည်း.....”
စကားဆုံးအောင်တောင်မပြောနိုင်ပဲ
ဒေါ်ညွှန်းဖွဲ့ ရာရာခေါ်သောနောက်ကိုအလောတကြီး
လိုက်ပါလာရသည်။“ရာရာ သမီးမာမီပြောတာကိုဘာလို့
နားမထောင်တာလဲ သမီး သူ့ကို
သံယောဇဉ်ဖျက်လို့မရဘူးလား....”“မာမီဘာလို့ဦးမိတ်နဲ့ရာရာတွေ့မှာ
ကြောက်နေတာလဲ အကြောင်းတစ်ခုခု
ရှိလို့လား.....”“ရှိတာပေါ့...”
“ဟင်....”
အမှတ်တမဲ့ပြောထွက်သွားတဲ့စကားကြောင့်
ရာရာဟင်ခနဲဖြစ်သွားတာကို
ဒေါ်ညွှန်းဖွဲ့သတိထားမိကာ“သူကနောက်တစ်ယောက်ကိုအဲ့လို
မုဒိန်းမှုမကျူးလွန်နိုင်ဘူးလို့
တပ်အပ်မပြောနိုင်ဘူးလေ သမီးလေးသာ
အဲ့လိုဖြစ်သွားရင်မာမီရင်ကျိုးမှာ.....”“ဘယ်လိုလုပ်အဲ့လိုဖြစ်ရမှာလဲ
မတရားကျူးလွန်ခံရတဲ့လူကမာမီသာဆို
ဦးမိတ်နဲ့ရာရာက သားအဖတွေပဲလေ.....
မာမီဘာကြောင့်စိုးရိမ်နေတာလဲ.....”
YOU ARE READING
Rules Of The Heart {Complete}
Romantikသတ်မှတ်ထားတဲ့နှလုံးသားစည်းမျဉ်းတွေထဲမှာ ဦးကိုလက်လျော့ဖို့မပါဘူး....။ သတျမှတျထားတဲ့နှလုံးသားစညျးမဉြျးတှထေဲမှာ ဦးကိုလကျလြော့ဖို့မပါဘူး....။ #နှောင်းငယ်