UNICODE
ℝ𝕦𝕝𝕖𝕤 𝕆𝕗 𝕋𝕙𝕖 ℍ𝕖𝕒𝕣𝕥
𝕊𝕖𝕘𝕞𝕖𝕟𝕥{10}
“ရာရာသွားတော့မယ်နော်.....”
တကူးတကဆန်ပြုတ်လာပို့ရင်း
ချက်ချင်းပြန်တဲ့သူမကသူ့ကိုဘယ်လောက်
စိုးရိမ်နေလဲဆိုတာ မျက်ဝန်းလေးတွေက
အသိသာပါ....။“ခဏလေး....”
သူခေါ်လိုက်တော့ချက်ချင်းပြန်လှည့်လာတဲ့သူမက
ပါးပြင်ပေါ်ကမျက်ရည်လက်ကျန်တွေကို
ပွတ်ဆွဲသုတ်လေ၏။
မိတ် စိတ်တင်းရင်းမှသူမအနားသွားကာ
နှဖူးပြင်လေးကိုလက်ခုံနဲ့ထိလိုက်မိတော့
ပူခြစ်ခြစ်ခံစားလိုက်ရသည်။“မင်းတော်တော်ဖျားနေတာကိုဒီအထိ
ရောက်လာသေးတယ်ဟုတ်လား....”“ဦးမိတ်အခုလိုပြန်စိတ်ပူပေးတာနဲ့တင်
ရာရာသက်သာသွားပါပြီ....”နွေးထွေးသောမျက်ဝန်းလေးတွေကို
အကြည့်မလွှဲမိပဲနဲ့လက်ကိုပါ
ပြန်ရုတ်ဖို့မေ့နေတဲ့အခါ သူမကပဲ
လက်နုနုလေးတွေနဲ့သူ့လက်ကိုဆွဲယူကာ
ခပ်ဖြည်းဖြည်းအောက်ချလိုက်လေသည်။“ရာရာသက်သာတဲ့အချိန်ပြန်လာခဲ့မယ်နော်....”
ထပ်နေရင်ပြန်ဖို့အတွက်စိတ်မတင်းနိုင်မှာ
ဆိုးတာကြောင့်ရာရာ အမြန်ပင်လှည့်ထွက်လာခဲ့၏။
ဝမ်းသာလွန်းတာကြောင့်မျက်ရည်ကြည်တွေလဲ
ဝေ့လာရပြန်သည်။
ဦးကစိတ်ပြေပြီးသူမကိုအဖျားလဲတိုင်းလိုက်တာပဲ!!!ခပ်သွက်သွက်လျှောက်လာရင်းမှ
အိမ်ရောက်တဲ့အခါ ကံကောင်းစွာနဲ့
အဖွားကအိပ်နေတုန်းဖြစ်၏။
ရာရာ ရင်ထဲမှာရွှင်နေတာကြောင့်
ဖျားနေမှန်းတောင်မခံစားမိပဲ...အခန်းထဲပြန်ဝင်
အ်ပ်လိုက်တဲ့အခါ အပူအပင်ကင်းစွာအိပ်ပျော်သွားရသည်။
YOU ARE READING
Rules Of The Heart {Complete}
Romanceသတ်မှတ်ထားတဲ့နှလုံးသားစည်းမျဉ်းတွေထဲမှာ ဦးကိုလက်လျော့ဖို့မပါဘူး....။ သတျမှတျထားတဲ့နှလုံးသားစညျးမဉြျးတှထေဲမှာ ဦးကိုလကျလြော့ဖို့မပါဘူး....။ #နှောင်းငယ်