UNICODE
ℝ𝕦𝕝𝕖𝕤 𝕆𝕗 𝕋𝕙𝕖 ℍ𝕖𝕒𝕣𝕥
𝕊𝕖𝕘𝕞𝕖𝕟𝕥{11}
“ရည်ညွှန်းရာ မင်းရူးနေပြီလား??.....”
သူပြောကာလက်နှစ်ဖက်လုံးကိုဖယ်ချပေမဲ့
အဖယ်မခံတဲ့သူမကပိုတင်းအောင်ဖက်ရင်း
သူ့ရင်ဘတ်ကိုမေးကပ်ကာ မော့ကြည့်၍“ဟုတ်တယ် ရူးနေပြီ ဦးကိုသဘောကျလွန်းလို့
ရူးမတတ်ကိုဖြစ်နေမိတာ အဲ့တာဦးသိရဲ့လား...”“ဟင်.....”
ရင်ထဲမှာဒိန်းခနဲမြည်သွားစေတဲ့
ပြတ်သားသောသူမရဲ့စကားလုံး!!!!သူ့မျက်ဝန်းထဲမှာမီးတောင်ပေါက်ကွဲလိုက်သလို
အုန်းခနဲဖြစ်သွားရင်းမှအသိဝင်တဲ့အချိန်
သူမကိုယ်လုံးလေးကိုဆွဲဖယ်လိုက်မိလျက်သား
ဖြစ်ရသည်။“မင်း မင်းစိတ်တွေမမှန်ဘူးထင်တယ်....”
“ဟုတ်ပါတယ်လို့ပြောနေတာကို ဦးကလဲ
ဦးကိုနှလုံးသားထဲထည့်ရလွန်းလို့ ရာရာရူးတော့မယ်
စိတ်တွေလဲမမှန်တော့ဘူး အဲ့တာဦးကြောင့်ပဲ....”“ကျစ် မင်းအခုပြောနေတာတွေက
ဘယ်လိုအဓိပ္ပါယ်သက်ရောက်နေလဲဆိုတာရော
မင်းနားလည်ရဲ့လား.....”မျက်ခုံးကြီးတွေကျုံ့ထားတဲ့ဦးက
အလိုမကျတာမို့ ရာရာလန့်ပေမဲ့လဲ
အားတင်းရင်းမှ“နားလည်တယ် ဦးကိုချစ်လို့ဒီလိုပြောနေတာ
ရာရာ့ကိုကလေးအတွေးနဲ့စိတ်ကစားတယ်ဆိုပြီးလဲ
မထင်လိုက်နဲ့ ဦးနဲ့အသက်ကွာတာမှန်ပေမဲ့
ရာရာသေချာသိလိုက်တဲ့အချိန်မှာ တကယ်ကို
နင့်နင့်သဲသဲချစ်နေမိပြီ.....”“ကျစ် ရည်ညွှန်းရာ မင်းကွာ......”
ရာရာ့ကိုကျောပေးရင်းမှခါးထောက်လိုက်တာမို့
သူ့ကိုအနောက်ကနေလှမ်းဖက်လိုက်ကာ
YOU ARE READING
Rules Of The Heart {Complete}
Romanceသတ်မှတ်ထားတဲ့နှလုံးသားစည်းမျဉ်းတွေထဲမှာ ဦးကိုလက်လျော့ဖို့မပါဘူး....။ သတျမှတျထားတဲ့နှလုံးသားစညျးမဉြျးတှထေဲမှာ ဦးကိုလကျလြော့ဖို့မပါဘူး....။ #နှောင်းငယ်