UNICODE
ℝ𝕦𝕝𝕖𝕤 𝕆𝕗 𝕋𝕙𝕖 ℍ𝕖𝕒𝕣𝕥
𝕊𝕖𝕘𝕞𝕖𝕟𝕥{12}
“အဖွား .....”
“ဟေ မြေး.....”
“ဘာမှမဟုတ်ပါဘူး ဒီတိုင်းခေါ်ကြည့်တာ.....”
စိတ်တွေကမမှန်ချင်တော့ပေ.....။
သူ့ဘက်ကတိတိကျကျငြင်းလွှတ်တာကြောင့်
ရာရာ မျှော်လင့်ချက်တွေပျောက်နေရ၏။
စားလဲဒီစိတ် သွားလဲဒီစိတ်.....
သူ့စိတ်ထဲမှာကိုယ့်ကိုများမုန်းနေမလား
တွေးမိရသေးသည်။မနေ့ကသွားပြောခဲ့တာကလွန်သွားလား???
အသက်ကွာတဲ့သူ့ကိုပဲမလေးစားသလိုဖြစ်သွားလား??
ကိုယ်ပြောတဲ့ပုံကရိုင်းသလိုဖြစ်နေလား???စသောမေးခွန်းတွေကခေါင်းထဲမှာမြည်နေတဲ့
ခေါင်းလောင်းကြီးလို လူကိုရူးစေချင်၏။“ဒီနေ့ အဖိုးပန်းခြံမသွားဘူးလား.....”
အပြင်ကပြန်လာပုံရတဲ့အဖိုးကိုမြင်တာကြောင့်
ရာရာ မေးတော့ချွေးစတွေကိုသုတ်လိုက်ရင်းမှ“အဖိုးတို့အကုန်ဒီနေ့နားတယ်လေ
မြင့်သန်းကြီးနေမကောင်းလို့....”“အော်.....”
အော်သာပြောရင်းမနက်စာဝိုင်းမှာဝင်ထိုင်ကာ
အကုန်လုံးမနက်စာစားကြသည်။“မနက်ဖြန်မြေးအမေဆီသွားရင်
ကောင်းမလားတွေးနေတာ .....”“အင်း ကောင်းတယ်....”
အဖွားရဲ့အမေးကိုပြန်ဖြေတာက
ရာရာ့ဆီကမဟုတ်ပဲဖိုးဖိုးဆီကဖြစ်တာကြောင့်
မျက်ခွံလေးလှန်ကြည့်မိတဲ့အခါပြုံးပြ၍“သမီးအမေကဟိုမှာတစ်ယောက်ထဲလေ
ဖိုးဖ်ုးတို့လဲကိုယ့်အလုပ်နဲ့ကိုယ်ဆိုတော့
မရောက်ဖြစ်တာလဲကြာပြီ
မြေးကိုဆေးခန်းကလာခေါ်တုန်းကတောင်
ဒုန်းဆိုင်းပြန်လာရတာဆိုတော့ သေချာ
အနားမယူလိုက်ရဘူးး.....”
YOU ARE READING
Rules Of The Heart {Complete}
Romanceသတ်မှတ်ထားတဲ့နှလုံးသားစည်းမျဉ်းတွေထဲမှာ ဦးကိုလက်လျော့ဖို့မပါဘူး....။ သတျမှတျထားတဲ့နှလုံးသားစညျးမဉြျးတှထေဲမှာ ဦးကိုလကျလြော့ဖို့မပါဘူး....။ #နှောင်းငယ်