UNICODE
ℝ𝕦𝕝𝕖𝕤 𝕆𝕗 𝕋𝕙𝕖 ℍ𝕖𝕒𝕣𝕥
𝕊𝕖𝕘𝕞𝕖𝕟𝕥{25}
“အခုမှတောင်းပန်တာ ဘာသဘောလဲ
လွန်ခဲ့တဲ့၁၅က မင်းအမှားအတွက်
အခုမှတောင်းပန်ရအောင်မင်းစိတ်ကို
ဘာတွေကပြောင်းပေးလိုက်တာလဲ.....”တည်ငြိမ်ပေမဲ့ချုပ်တည်းထားတဲ့အသံဟာ
နားထဲပဲ့တင်ထပ်နေသည်။
ရာရာသိလိုက်တာဟာ ဒီကိစ္စက ရာရာနဲ့မဆိုင်
လူကြီးနှစ်ယောက်ရှင်းရမဲ့ကိစ္စမို့ ဦးမိတ်နောက်ကို
ခြေလှမ်းတိုးလိုက်တဲ့အခါ မာမီက
မချင့်မရဲကြည့်ရင်းမှ ခေါင်းပြန်မော့ကာ“သမီးလေးကိုပြန်ပေးပါ.....ငါ့ဝမ်းနဲ့
လွယ်ခဲ့ရတဲ့သမီးမို့ ကျေးဇူးပြုပြီးပြန်ပေးပါ.....”“အဟက် ပြန်ပေးပါဆိုပဲ.....”
ရာရာ့ကြောင့်နဲ့ဒီလောက်ထိလုပ်တဲ့မာမီ့ကို
သနားဝင်မိသလို ဟက်ခနဲရီလိုက်တဲ့ဦးက
နာကျင်မှုတွေကိုဖုံးကွယ်လိုက်သယောင်.....“ငါတောင်းပန်ပါတယ်......ငါ့ကိုပြန်ပေးပါ.....”
“ဟာ..............”
သံရှည်ဆွဲကာ ကြိတ်မနိုင်ခဲမရအော်သံနောက်
အနီးနားမှာရှိတဲ့ ကြွေပန်းကန်လေးက
အောက်ကိုကွဲကျေကျသွားရင်းမှ“အဲ့တာကိုသေချာကြည့် ငါနဲ့ငါ့မိသားစုကို
အဲ့လိုဖြစ်အောင်နင်လုပ်ခဲ့တာ..... အစကနေ
ပြန်ဆက်ကြည့်စမ်းပါအုံး သုံးလို့ရမရဆိုတာ.....”“နင်ဘာလိုချင်တာလဲ အခုမှငါ့သမီးကို
ငါ့ရင်ထဲကနေဆွဲထုတ်ပြီး နင်ဘာလိုချင်တာလဲ.....”အရူးတစ်ပိုင်းဖြစ်နေတဲ့မာမီ့ပုံကို
ရာရာ မကြည့်ရက်သလိုမျက်နှာလွှဲကာ
အပေါ်ကိုတက်မယ်လုပ်တော့ လှည့်မကြည့်ပဲနဲ့
လက်ကောက်ဝတ်ကိုလှမ်းဆွဲတဲ့သူက
ရာရာ့ကိုမာမီ့ရှေ့ပို့ပေးလိုက်ရင်းမှ
YOU ARE READING
Rules Of The Heart {Complete}
Romanceသတ်မှတ်ထားတဲ့နှလုံးသားစည်းမျဉ်းတွေထဲမှာ ဦးကိုလက်လျော့ဖို့မပါဘူး....။ သတျမှတျထားတဲ့နှလုံးသားစညျးမဉြျးတှထေဲမှာ ဦးကိုလကျလြော့ဖို့မပါဘူး....။ #နှောင်းငယ်