UNICODE
ℝ𝕦𝕝𝕖𝕤 𝕆𝕗 𝕋𝕙𝕖 ℍ𝕖𝕒𝕣𝕥
𝕊𝕖𝕘𝕞𝕖𝕟𝕥{20}
“မဟာမိတ်ဆိုတာ မင်း သမီးလေးရဲ့
အဖေလား.....”“မဟုတ်ခဲ့ဘူး.....”
မေးခွန်းကိုတော်တော်ကြာကြာအချိန်ယူပြီးမှ
ပြန်ဖြေတဲ့မာမီ့အသံက ဝမ်းနည်းသံမစွတ်ပေမဲ့
မျက်ရည်တွေတော့ကျလာလေ၏။
နားထောင်လိုက်ရတဲ့ရာရာ့မှာလဲ
အရူးတစ်ပိုင်းနဲ့ အိပ်ငွေ့ချခံရတဲ့မာမီ့ကို
မယုံကြည်နိုင်သလိုကြည့်ကာ မျက်ရည်တွေ
စီးကျလာမိသည်။ရာရာခံပြင်းလိုက်တာ ဘဝတစ်ခုလုံး
ယုံကြည်သွားရမဲ့ကိစ္စကိုမာမီဘာကြောင့်
အလွယ်တကူ ခေါင်းညိမ့်နိုင်တာလဲ???
ရာရာဟာဦးနဲ့ရတဲ့သမီးမဟုတ်တာတောင်
မာမီဟာဘာကြောင့်ညာခဲ့တာလဲ???တွေ့ထားခဲ့မိတဲ့ဓာတ်ပုံဟာ
အမှန်လို့ထင်နေပေမဲ့မဟုတ်ပါစေနဲ့သာ
ဆုတောင်းရင်းမှ ရာရာထိုအဆောက်အဦးထဲက
အမြန်ပြေးထွက်လာမိ၏။
မာမီညာရက်တယ် ....ရာရာ့ရဲ့ဝေဒနာကို
မြင်နေရဲ့သားနဲ့ မာမီဟာစိတ်ဆန္ဒအတိုင်း
ညာရက်တယ် ဒါဆိုဘာကြောင့်လဲ.....>အရင်းအမြစ်ဟာဦးမိတ်ပဲမို့ ရာရာကားငှားရင်းမှ
စိတ်တင်းရင်းတက်ကာ ရေပြာရွာကို
ရောက်လာခဲ့သည်။
ပထမဆုံးအကြိမ်တစ်ယောက်ထဲ
ကားစီးခြင်းဟာ ရာရာ့ရင်ကိုအဆမတန်
တုန်စေ၏။
ပြီးတော့သိလိုက်ရတဲ့အကြောင်းကပိုလို့တောင်
ရင်တုန်စေသည်။“ဦးလေး မြန်မြန်လေးမောင်းပေးပါနော်
သမီး ပိုက်ဆံပိုပေးပါ့မယ်.....”နေ့လည်အချိန် ပူပြင်းပြင်းနေအောက်မှာ
သွားနေတဲ့ကားကအရှိန်တင်ရင်းမှ
ရေပြာရွာကိုမောင်းလာခဲ့၏။
YOU ARE READING
Rules Of The Heart {Complete}
Romanceသတ်မှတ်ထားတဲ့နှလုံးသားစည်းမျဉ်းတွေထဲမှာ ဦးကိုလက်လျော့ဖို့မပါဘူး....။ သတျမှတျထားတဲ့နှလုံးသားစညျးမဉြျးတှထေဲမှာ ဦးကိုလကျလြော့ဖို့မပါဘူး....။ #နှောင်းငယ်