Van Goh Balck Tulip -2
" ကိုကို ရင်တွေအရမ်းခုန်နေတယ်နော် "
" ဟမ်..."
" ဟုတ်တယ် ကိုကိုနှလုံးခုန်သံတွေ ယောင်းသေချာကြားနေရတယ် "
ကျွန်တော့်ရင်ဘတ်နားသို့ကပ်လိုက် ခွာလိုက်ဖြင့် ထပ်ခါထပ်ခါ နားထောင်နေသော ချာတိတ်
" မဟုတ်တာတွေ မပြောနဲ့ ကင်မ်ထယ်ယောင်း "
"ဟုတ်ပါတယ် ကိုကိုရဲ့ "
"ဒါတွေ ထားပါ မင်း ကိုယ့်အခန်းထဲ ဘာလာလုပ်တာလဲ "
"ဟို..ယောင်း ကိုကို့ ဖို့အဝတ်စားထုတ်ပေးမို့ပါ "
ဟုတ်ပါသည် ဒီချာတိတ် နဲ့လက်ထပ်ပြီးတစ်ပတ် အတွင်း ကျွန်တော့် ဝေယျာဝစ္စအားလုံးကိုလုပ်ပေးသည် ။ တားလည်း ဇွတ်မေတ္တာတရားကြီးမားနေသော ချာတိတ်မို့လား။
" ဒါဆို ခုထုတ်လေ ကိုယ်အအေးပတ်တော့မယ် ထယ်ယောင်း "
ပြောလိုက်သည်နှင့် အဝတ်ဗီရိုရှေ့ရောက်သွားသော ချာတိတ် သေချာကိုအဝတ်စားကိုရွေးချယ်ပေးနေပုံများ ဒီကလူကအအေးပတ်ရင်ခုချိန်ဖြစ်နေလောက်ပြီ ။
" ကိုကို ဆေးရုံပြန်သွားအုံးမှာလား "
"ကိုယ်မသွားတော့ဘူး ထယ်ယောင်း ဒီနေ့ ဒယ်ဒီတို့နဲ့လည်း ထမင်းစားဖို့သွားရမယ် "
"ဒါဆို ဒီဟာလေးဝတ်လိုက် နော် ကိုကို "
"ဟုတ်ပြီ ကိုယ်အဲ့တာဘဲဝတ်လိုက်မယ် "
"ဟုတ် ကိုကို "
အခန်းထဲက မသွားသေးဘဲ ရပ်နေသေးသော ချာတိတ် ဟာဘယ်လိုဟာလေးလည်းကွာ ငါအဝတ်ကိုသူရှေ့လဲပြရမှာလား ။
" အဟမ်း ဘောင်းဘီကိုတော့ ကိုယ်မင်းရှေ့ဝတ်ပြရမှာ မဟုတ်ဘူးထင်တယ်နော် ထယ်ယောင်း "
ပြောလိုက်မှ "ကိုကို ကလည်း " ဟုပြေးထွက်သွားသောချာတိတ် ။
မနက်စာစားပြီး ကျောင်းကိစ္စအတွက် စီစဉ်ဖို့ထွက်လာသော ဂျောင်ကုတို့၏ကားလေး။
" ထယ်ယောင်း စဉ်းစားပြီးပြီလား ကျောင်းကို "
လက်ထဲက Mac book လေးအားစိတ်ဝင်တစားကြည့်နေသော ချာတိတ် ။ Netherlands ကအကောင်းဆုံးကျောင်းများကိုရွေးချယ်ထည့်ပေးထားတာမို့ ချာတိတ်တက်ချင်တဲ့ကျောင်းဆီကို စီစဉ်ပေးလိုက်ရုံဘဲ ဒီကလေးပညာရေးကို အထိခိုက်ခံလို့မှမရဘဲ။