Part - 9 ( Zawgyi)

420 19 0
                                    

Van Goh Balck Tulip - 9

" ယောင်းလေ ကိုကို့ကို နမ်းခွင့်ရမလား "

ဂျောင်ကု၏ အဖြေတောင်မစောင့်လိုက် ထိကပ်သွားသော နူတ်ခမ်းသားများ။

သိပ်မကြာလိုက် တုံ့ပြန်မှုမရှိသော နူတ်ခမ်းသားတို့မှာ ပြန်ခွာသွားကြသည်။ ဂျောင်ကုမှာ အဖြစ်ပျက်များအား ကြောင်နေမိ၍ ထယ်ယောင်း၏ လှပသော မျက်နှာလေးအား အနီးကပ်ကြည့်မိနေရင်း

" တောင်း...တောင်းပန်ပါတယ်နော် "

" ယောင်း တကယ်စိတ်ကသတိလက်လွတ်...."

" အွင့်..."

တစ်ဖန်ပြန်၍ ထိကပ်သွားကြသော နူတ်ခမ်းသားများ ။ ခုနကဖြင့်မတူ တုံ့ပြန်မှုရှိစွာနမ်းနေသော အနမ်းပွင့်များ..။

ထယ်ယောင်း၏ မျက်နှာလေးအား လက်တစ်ဖြင့်သေချာထိန်းကာ စီးချက်ညီသည့်အလား နိမ့်ချည်မြင့်ချည်ဖြင့်..

သွယ်လျသောလက်ချောင်း ရှည်များမှာ ဂျောင်ကု၏ လည်တိုင်သို့ အသင့်နေရာယူလျှက်သား..

ခေတ္တခဏ ကြာမြင့်ပြီးနောက် ထပ်မံပြန်၍ခွာလိုက်ကြသော နူတ်ခမ်းသားများ..။

ထယ်ယောင်းမှာအဖြစ်ပျက်များအားမယုံကြည်နိုင်သေး..။

ကိုကိုက အခုငါ့ကိုပြန်နမ်းလိုက်တာလား။ ကိုကိုကလေ ပထမဆုံးအနမ်းကလေ..။ ကိုကိုကအခုငါ့ကိုလေ....!

ပြန်လာတဲ့ အိမ်ပြန်လမ်းဟာ တိတ်ဆိတ်စွာ ။ စောက်တည်ရာမရသလို ရှက်နေကြသော ယောက်ကျားပျိုနှစ်ဦးဟာ အတွေးကိုယ်ဆီဖြင့် ...

" ထယ်ယောင်း.."

တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်သော ဂျောင်ကု၏စကားသံ..။

"ဟုတ်..ကိုကို"

"ညစာဘာစားမလဲ ထယ်ယောင်း "

ဂျောင်ကု၏ စကားသံကြောင့် ထယ်ယောင်းမှာရှက်နေရာမှ တီးတိုးလေးရယ်မိပါသည်။

******************************

အိမ်ပြန်ရောက်ပြီး ညစာစားကတည်းက နှစ်ယောက်သား စကားထပ်မပြောဖြစ်ကြ ။ အကြည့်ချင်းလည်းမဆုံနိုင်ကြသလို သတိလက်လွတ်နမ်းမိသွားသောကြောင့် နှစ်ဦးလုံးမှာ အရှက်သဲနေပြန်သည်။

" 𝐕𝐚𝐧 𝐆𝐨𝐡 𝐁𝐚𝐥𝐜𝐤 𝐓𝐮𝐥𝐢𝐩 " ( Completed)Donde viven las historias. Descúbrelo ahora