Van Goh Balck Tulip - 10
" ကိုကို.."
" ထယ်ယောင်း ကိုယ်အပြင်ခဏ သွားစရာရှိလို့ အိမ်မှာ တစ်ယောက်ထဲနေရဲလား.."
" ယောင်းနေရဲပါတယ် ကိုကို "
" အင်း..ကိုယ်စိတ်ချမယ်နော်.."
ကားသော့အားဆွဲယူကာ ထွက်သွားသောဂျောင်ကု ကျောပြင်အားကြည့်၍ ထယ်ယောင်း ဘာမှမမေးမိ ။ အကယ်၍ မေးများမေးကြည့်ခဲ့ပါလျှင်..
********************
" ရောက်လာပြီပဲ ဂျောင်ကု.."" ဟုတ်ကဲ့ "
ကျန်တစ်ဖက်ကမျက်နှာချင်းဆိုင် ခုံအား ဂျောင်ကု ဝင်၍ ထိုင်လိုက်သည်။ မျက်နှာချင်းဆိုင်လူက အခြားလူမဟုတ် ထယ်ယောင်း၏ ဖခင် သမ္မတကြီး ကင်မ်ဖြစ်သည်။
" ငါတို့ချင်း တွေ့ရတာ မင်းစိတ်မသက်မသာဖြစ်နေမှန်းငါသိပါတယ်.."
" ဒါပေမယ့်..."
" ငါပြောတာခဏနားထောင်ပါ ဂျောင်ကု "
"ဟုတ်ကဲ့ ပြောပါ လူကြီးမင်းကင်မ်..."
" ထယ်ယောင်းကို မင်းဘေးနားခေါ်ထားခြင်းဟာ ငါ့ကြောင့်ဆိုတာငါသိပါတယ်.."
" လူကြီးမင်းကင်မ်သာ ကိုယ့် အကိုတို့အကြောင်းရင်းကိုခွင့်ပြုခဲ့ရင် ဒါတွေဖြစ်လာစရာမရှိပါဘူး..."
"သေချာလား..."
" ဘာကိုပြောချင်တာပါလဲဗျ.."
" ဆော့ဟွန်း တို့ကိုငါသာခွင့်ပြုခဲ့ရင် မင်းငါတို့ ထယ်ယောင်းကို အနားမှာခေါ်မထားဘူးဆိုတာကိုပေါ့..."
" ခုတော့နောက်ကျသွားပြီလေ လူကြီးမင်းကင်မ်ရဲ့..."
" ထယ်ယောင်းက ငါ့ဆီမှာတောင်းဆိုသွားတယ်"
"........"
လူကြီးမင်းကင်မ် ၏ စကားကြောင့် ကျွန်တော့် လက်သီးစုပ်လေးစုပ်မိသွားသည်။ ဘာတွေများသွားတောင်းဆိုထားပြန်တာလဲ။
" မင်းတို့ကို ခွင့်ပြုဖို့ ငါ့ကိုပြောထားတယ် ။ ဘာကိုမှ တအား မမက်မောတဲ့ ကလေးက မင်းကိုတော့ လိုအပ်နေခဲ့တယ်.."
" ငါပြောမယ့် အကြောင်းရာက မင်းတို့ကြားကို အနှောက်ယှက် ပေးဖို့မဟုတ်ဘူး ထယ်ယောင်းရဲ့ ဖခင်တစ်ယောက် အနေနဲ့ ငါ့ရဲ့ဂုဏ်သိက္ခာအတွက် မင်းငါ့အပေါ် အထင်လွဲနေတာကို ဖြေရှင်းချင်လို့ ခုလိုခေါ်တွေ့လိုက်ရတာ..."