Van Goh Black Tulip -3
" အခု ကိုကို လို့သုံးလိုက်တာလားဟင် "
" ဟင် "
"ဟုတ်တယ် ကိုကို အခုလေးတင်.."
"ထယ်ယောင်း မင်းအဆင်ပြေရင် ကိုယ့်ကိုဖက်ထားတာ လွတ်လို့ရပြီ "
"ကိုကို"
"အင်း"
"ယောင်း တကယ်ကြောက်နေခဲ့တာ ကိုကိုမြန်မြန်ပြန်လာဖို့ဆုတောင်းနေတာ"
"ကိုယ်သိတယ် "
"ယောင်း တောင်းပန်ပါတယ်ကိုကို "
"ဘာအတွက်လဲ "
"ယောင်း ညနေက ကိုကို့ ကိုပြောမိခဲ့တာတွေတွက် "
"ရတယ် မလိုဘူး မင်းအခုအကြောက်ပြေရင် ကိုယ်တို့ညစာစားကြရအောင် "
"ဟုတ် ကိုကိုရေအရင်ချိုးလိုက်ပါ ယောင်းညစာစားဖို့လုပ်ပေးပါ့မယ် "
"နေနေရတယ် ကိုယ်စီစဉ်ပေးမယ် မင်းသာသက်သာသလိုနေ.."
"ရပါတယ် ကို..."
"အကြီးတစ်ယောက်က ပြောနေရင် နားထောင်မှပေါ့ ထယ်ယောင်း ကိုယ်စကားကိုထပ်ခါထပ်ခါပြောရတာတကယ်မကြိုက်ဘူး "
ထယ်ယောင်းစကားမဆုံးခင် ဖြတ်၍ပြောလိုက်သောဂျောင်ကု၏အဆုံးမ
" ယောင်းနားထောင်ပါ့မယ်ကိုကို "
"ဒါဆို အနားယူအုံး မိုးကလည်းသိပ်မရွာတော့ဘူး အဆင်မပြေဘူးဆို ကိုယ့်အခန်းလာအိပ် မလား "
" အဆင်ပြေမယ်ဆိုရင် ဒီတစ်ညလောက် "
"ရတယ် အဆင်ပြေတယ် "
ပြောပြီးသည်နှင့် ကျွန်တော်ချာတိတ်အခန်းထဲမှ ထွက်လာခဲ့သည်။ မိုးရွာနေတော့ ဘယ်လိုဘဲဖြစ်ဖြစ်အိပ်ရတာကြောက်နေမယ်မို့လား ဒီတစ်ညပါဘဲ ဟုတ်တယ် ဒါက ကူညီယုံသက်သက်ဘဲ။
ညစာကို ကျွန်တော်ကိုယ်တိုင်ဘဲစီစဉ်လိုက်သည် ကြောက်နေတဲ့သူကိုတော့ ညစာလုပ်ခိုင်းရလောက်သည်ထိတော့ ကျွန်တော်ဟာအကြင်နာမယ့်သူမဟုတ် ။
"ကိုကို "
"အင်း "
"ယောင်းဘာကူညီရမလဲဟင်"
![](https://img.wattpad.com/cover/338665132-288-k650031.jpg)