Van Goh Black Tulip -4
" ပါးပါး ဒီနေ့ ထယ်လေးပြန်လာမယ် "
သတင်းစာဖတ်နေသော ဖခင်ဖြစ်သူထံသို့ အပြေးလေးလာပြောသော ကင်မ်အိမ်ရဲ့သားလတ် ကင်မ်နမ်ဂျွန်း
" ဟုတ်လားသားကြီး "
"ဟုတ်တယ် ပါးပါး ဒါပေမယ့် "
" ဆက်ပြောသား "
" အငယ်လေးက သူ့အမျိုးသားနဲ့အတူတူပြန်လာမှာ ပါးပါး "
" အင်း ပါးပါးသိပြီ သား"
"ဒါဆိုသားသွားပြီ ပါးပါး "
" ကောင်းပြီ "
ဖတ်လက်စသတင်းစားအား ပိတ်လျက် တောက်ပြောင်နေသော မှန်ပြင်မှတစ်ဆင့် အဝေးက သစ်ပင်များကို ကြည့်နေသော သမ္မတကြီးကင်မ်
ဂျောင်ကု မင်းလုပ်ရက်တွေသိပ်မှားနေပြီ နောက်ဆုံးကျ ဒီကစားပွဲမှာ အထိနာတဲ့သူဟာမင်းဘဲ ဖြစ်လိမ့်မယ် ဂျောင်ကု...
" ဒေါက်တာ ဒီနေ့ ဆေးရုံလာတာ နောက်ကျတယ်နော် "
" ဟုတ်တယ် ကိုယ်လုပ်စရာလေးတွေရှိနေလို့ "
" အို..ဒေါက်တာက အိမ်သူလေးပါ ခေါ်လာတာဘဲ"
သူနာပြုမလေး နင်စ်စီရဲ့ စကားကြောင့်ကျွန်တော့်ဘေးနားက ချာတိတ်မှာ ရှက်သွားသည့်ပုံ ကျွန်တော့် အကျီစအားလှမ်းဆွဲသည်။
" ကျွန်တော် ရုံးခန်းကိုကော်ဖီ လာပို့ပေးလို့ရမလား နင်စ်စီ "
" ကောင်းပါပြီ ဒေါက်တာ "
" အော် ဒါနဲ့ ကော်ဖီက တစ်ခွက်ဘဲနော် "
" ဒေါက်တာအိမ်သူလေးက ဘာသောက်မလဲ "
" ထယ်ယောင်းက ကော်ဖီ မကြိုက်ဘူး သူ့အတွက် အအေးတစ်ခွက်ဆိုရပြီ နင်စ်စီ အပန်းမကြီးရင်ပေါ့ "
" အပန်းမကြီးပါဘူး ဒေါက်တာရယ် ကျွန်မ ခဏနေလာပို့ပေးပါ့မယ် ကဲ ဒေါက်တာ့့အိမ်သူလေးရေ သွားပြီနော် "
"ဟုတ်ကဲ့ "
ဟက်..ဒေါက်တာ့အိမ်သူ နားထောင်တော့ကောင်းသားဘဲ
"ကိုကို ပြုံးနေတယ် "
"ဟမ်"
"ဟုတ်တယ် ကိုကိုအခုပြုံးနေတယ် "