Van Goh Balck Tulip - 7
" ကိုကို "
အရင်ကလို လေသံက ခပ်ပြေပြေမဟုတ်ဘဲ အားလျော့နေသလိုခေါ်လိုက်ကတည်းက ဒီချာတိတ် တစ်ခုခုတွေးနေပြီဆိုတာကျွန်တော်သိလိုက်ပါပြီ။
" အင်း "
" ယောင်းကိုမုန်းလားဟင်.."
ဆက်ပြောရန် ထူးလိုက်တော့ ထင်တဲ့ တိုင်းအတွေးတစ်ခုခုလွန်နေသောချာတိတ် ။
" ထယ်ယောင်းကို ကိုယ်မမုန်းပါဘူး "
" ရပြီ ယောင်းကို ကိုကိုမမုန်းဘူးဆိုကတည်းက ကြိုးစားခွင့်ရှိတယ်လေ "
" ထယ်ယောင်းရယ်၊ မင်းကိုလေ ကိုယ်သိပ်ပြောရခက်တာဘဲကွယ်.."
" ကိုကို ဘက်ကလည်း မချစ်ပိုင်ခွင့်ရှိသလို ယောင်းဘက်ကလည်းချစ်ပိုင်ခွင့်ရှိတယ်မို့လား"
လေသံအေးအေးလေးဖြင့် ပြောပြလာသော ချာတိတ်က ဘာကိုမှစိုးရိမ်ပူပန်နေပုံလည်း
မရသလို ကျွန်တော့်အားကြောက်နေပုံလည်းမရ၊ အသက်အရွယ်နဲ့မလိုက်အောင်လည်း သည်းခံနိုင်လွန်းတယ်။ဆက်ပြီးပြိုင်ငြင်းနေရင်းလည်း မနိုင်မယ့်အတူတူ ငြိမ်နေတာက အကောင်းဆုံးရှောင်ထွက်ခြင်းဖြစ်သည်။
" ဒီ Condo ကိုဘယ်တုန်းက ဝယ်လိုက်တာလဲ ကိုကို "
" ဒီမှာ ကိုယ်တို့ပိုင်တာတွေ ရှိပါတယ် ၊ ထယ်ယောင်း အဖေ နဲ့ ကိုယ်နဲ့ဟာ မုန်းနေကြပေမယ့် စီးပွားရေးအရတော့ ကလေးဆန်နေလို့မှ မရတာ"
လူမှုရေးအရ မုန်းတီးခြင်းတွေ ကြောင့်သာ ဒီနိုင်ငံနဲ့မဆက်သွယ်ရရင် နှစ်နိုင်ငံခြား ကုန်သွယ်ရေးတွေကြန့်ကြာကုန်မှာ အမှန်ပေ။ ဒါကြောင့်လည်း ကျွန်တော် ဒီနိုင်ငံပေါ် ခြေချခွင့်ရနိုင်တာပင်။
" ပါးပါး က ကိုကို့ကိုအကြောင်းမဲ့ မမုန်းပါဘူး"
" ကိုယ်သိတယ် ထယ်ယောင်း "
" ကိုကို နားတော့မှာလား "
" အင်း ကိုယ်နားချင်နေပြီ ထယ်ယောင်း "
အခန်းထဲသို့ အရင်ဝင်သွားသော ကိုကိုအားကြည့်ရင်း ကျွန်တော်သက်ပြင်းခပ်ဖွဖွ ချမိပါသည်။ ကိုကိုသည်ကျွန်တော့်အား ဘယ်တုန်းမှမမုန်းခဲ့ပါ။တစ်နေ့ ကိုကို ကျွန်တော့် ကိုချစ်လာမှာပါ။