Van Goh Black Tulip - 6
အတိတ်ကပုံရိပ်များဆီသို့...
" အဆင်ပြေမယ်ဆို ကိုကို လို့ခေါ်လို့ရနိုင်မလားဟင် "
" အင်း "
"အထဲဝင်ကြမယ်ကိုကို "
"ကြာလိုက်တာရှေ့မှာ "
အကိုဖြစ်သူThormaxထံမှဝင်ဝင်လာခြင်းကြားလိုက်ရတဲ့ စကား။
" ယောင်း ကတရားဝင်နှုတ်ဆက်နေတာမို့ပါ "
"အော် အဲ့လိုလား "
"ကိုယ်ဘယ်နား နေရမလဲ "
" ညာဘက်က အခန်း Jk ကိုကို အားလုံးရှင်းပေးပြီးသား ခဏနေ မနက်စာစားဖို့ခေါ်လိုက်မယ် "
ညာဘက်ခန်းရှိရာဘက်သို့ ဂျောင်ကု တစ်ချက်ကြည့်ကာ။
" အထုပ်တွေသွားထားလိုက်အုံးမယ် "
အဝတ်စားအိတ်အားမကာ ညာဘက်ခန်းဆီသို့ ဂျောင်ကု ဝင်သွားလိုက်သည်။
"အကို Thormax.."
" ပြောပါ ထယ်ယောင်း "
" ကိုကို က တကယ်အနေအေးတာဘဲနော် "
"ကိုကို.."
" အကို့ ညီကိုပြောတာ.."
"အာ..ဟုတ်တယ် Jk ကအနေအေးတယ် စကားလည်းလိုအပ်တဲ့နေရာမှာဆိုသေချာရှင်းပြပေးတက်ပါတယ် "
" ဒီလိုကို...ဒါနဲ့..."
ထယ်ယောင်း နောက်ထပ်ဆက်ပြောမည့်စကားလုံးအား စောင့်နေသော Thormax
" ကိုကိုရဲ့ အသံကအရမ်းနားထောင်ကောင်းတာဘဲ "
" Jk အသံက တကယ်ကောင်းတယ် သူKorea လိုပြောတာလည်း တကယ်အသံထွက်ကောင်းမွန်တယ် "
"ကိုကိုက Korea စကားပြောတက်တယ်..! "
"သိပ်မအံ့ဩပါနဲ့ ထယ်ယောင်း..."
"တကယ် မိုက်လိုက်တာ ကိုကိုက..."
" ရှေ့က နှစ်ယောက် ပြီးမှစကားပြောကြ မနက်စာစားကြမယ် "
ထမင်းစားခန်းထဲမှ ဆော့ဟွန်းအသံကြောင့် ထယ်ယောင်းတို့၏ စကားဝိုင်းလေးမှာပျက်သွားကြသည်။
" ထယ်ယောင်း သိချင်သေးရင် Jk ကိုပြောခိုင်းကြည့် ခုတော့ မနက်စာစားကြဆို့ "