Final - 11 ( Unicode )

2.7K 130 10
                                    

Van Goh Balck Tulip -  Final 11

" ကိုကို..နောက်ကျလိုက်တာ.."

ည11နာရီ အချိန်ရှိပြီ သောကြောင့် ထယ်ယောင်းမှာ ဂျောင်ကု အိမ်အပြန်အလာအား မအိပ်ဘဲ စောင့်နေခဲ့သည်။

" ထယ်ယောင်း "

" ဟုတ် ပြောပါ ကိုကို "

" ကိုယ် အခုရေချိုးမလို့ ခဏနေရင် စကားပြောလို့ရနိုင်မလား.."

ပထမဆုံး ကိုကို့ ဘက်မှတောင်းဆိုသော စကားဖြစ်တာကြောင့် မနက်ကျမှပြောရအောင်လို့လည်း ကျွန်တော် မငြင်းရက်နိုင်ပါ။

" ဟုတ် ကိုကို ယောင်း အဝတ်စား ထုတ်ပေးထား‌မယ်နော်.."

ဂျောင်ကု ရေချိုးတိုင်း အဝတ်စားထုတ်ပေးရသည့်ကို ထယ်ယောင်းမှာအကြိုက်တွေ့လို့နေချေပြီ။

" အင်း..."

"ဒါနဲ့..."

ထယ်ယောင်းမှာ အသံပြု၍ ဂျောင်ကု၏ အနားသို့ ကပ်သွားကာ ...

" ကိုကို သောက်လာတာလားဟင်.."

ခြေဖျား‌လေးထောက်ကာ ဂျောင်ကု၏ အင်္ကျီ ပေါ်သို့ နှာခေါင်းလေးအရှူံ့ကာ ဖြင့်...

" ဟုတ်တယ် ကိုယ် နည်းနည်းသောက်လာတာ.."

" ယောင်း သံပုရာရည်ဖျော်ပေး ရမလားကိုကို "

" ရတယ်..ကိုယ်မမူးသေးဘူး ထယ်ယောင်း "

ပြီးနောက် အခန်းထဲသို့ဝင်သွားသော ဂျောင်ကုအားကြည့်၍...

" ဘာတွေများစိတ်ညစ်စရာရှိလာလို့ပါလိမ့်..."

************************
ကိုကို အခန်းထဲဝင်သွားမိသော် ...ရေချိုးခန်းမှ ရေကျသံကြောင့် ကိုကိုရေချိုးနေပြီဆိုတာကို သိလိုက်ပါပြီ။

အင်္ကျီအများကြီး ထည့်မလာသော ကိုကိုကြောင့် ရွေးချယ်ရသည်မှာမခက်..။ ညအိပ်မှာလည်းဖြစ်သောကြောင့် ကိုကိုသက်သောင့်သက်သာဖြစ်စေရန်သေချာလေးရွေးချယ်ပေးမိသည်။

*ချောက်..*

ရေချိုးခန်းထဲမှ ထွက်လာသော ကိုကိုအားသေချာကြည့်နေမိပြီ။ တဆိတ်..ကိုကို့ မျက်လုံးတွေ နီနေတယ်။

" ကိုကို ..မျက်လုံးတွေနီနေတယ်..နေမကောင်းဘူးလား "

ထယ်ယောင်းပြောမှ ဂျောင်ကု မျက်လုံးတစ်ဝိုက်အား လက်ဖြင့်ထိမိပြီး..

" 𝐕𝐚𝐧 𝐆𝐨𝐡 𝐁𝐚𝐥𝐜𝐤 𝐓𝐮𝐥𝐢𝐩 " ( Completed)Where stories live. Discover now