𝐕𝐚𝐧 𝐆𝐨𝐡 𝐁𝐥𝐚𝐜𝐤 𝐓𝐮𝐥𝐢𝐩
အပိုင်း ၁
မှောင်ရီပျိုးနေစအချိန်ရှိပြီဖြစ်သောကြောင့် ရပ်ကွပ်ထဲ၌ လူသွားလူလာသိပ်နည်းနေချေပြီဖြစ်သည်။
လူ့ချမ်းသာ ရပ်ကွပ်ဖြစ်သောကြောင့် အတော်တန်သင့် ဘယ်သူမှ အပြင်မထွက်ကြ ထိုရပ်ကွပ်လေး၏ လမ်းထိပ်၌ တောက်ပြောင်လက်နေသောပြိုင်ကားအနက်ရောင်ပေါ်၌ ခပ်မိုက်မိုက်အထာဖြင့် မှီကာ စီးကရက်တစ်လိပ်ကို ပေါ့ပါးစွာသောက်နေသောထိုအမျိုးသား။
"ကိုကို"
တုန်ရီနေသည်လည်းမဟုတ် မာကြောနေသည်မဟုတ် ပျော့ပျောင်းညင်သာစွာထွက်လာသော ခေါ်သံ
"မင်းရောက်လာပြီဘဲ "
"ကျွန်တော်ပြောသားဘဲ လာခဲ့ပါ့မယ်လို့် "
"နောင်တရမယ်လို့ထင်ရင် ခုပြန်လိုက်ကင်မ်ထယ်ယောင်း "
"ယောင်း နောင်တမရပါဘူးကိုကို.."
တိကျပြတ်သားလှတဲ့အဖြေရဲ့နောက်၌ထွက်ခွာသွားသော ပြိုင်ကားနက်လေး
မနက်ဖြန်၌ သေချာပေါက် Netherlands နှင့် Korea နှစ်နိုင်ငံမှာတော့ သတင်းတိုင်းလိုလိုပင်အုံကြွနေမှာအမှန်ပင် ။
သတင်းခေါင်းစဥ်အားဖြင့် Netherlands ရဲ့အချမ်းသာဆုံးနံပါတ် ၁ စရင်းဝင် Jeon မျိုးနွယ်နှင့် Korea နိုင်ငံ၏ သမ္မတကြီးကင်မ်ရဲ့ တတိယမြောက်အငယ်ဆုံးသားလေး တို့ခိုးပြေးခြင်း..။
အချိန်အားဖြင့် တစ်ပတ်ခန့်
နာရီစက်သံ တစ်ချက်ချက် နှင့်အတူ အတွေးအများစုသည် ကျွန်ုပ်၏အနားမှ လွင့်ပါးထွက်ခွာနေသည်။
အချိန်အားဖြင့် အတော်နောက်ကျနေပြီမို့ ကိုကို့အိမ်ပြန်လာအားမျော်နေမိသည်။
ဖုန်းဆက်ဖို့တွေးနေမိပေမယ့် ကျွန်တော်မဆက်ရဲပါ ကိုကိုအဆင်မပြေဖြစ်မှာကို ကျွန်တော်သိပ်ကြောက်မိပါ၏ ။
နရံထက်၌ တိုင်ကပ်နာရီကိုကြည့်၍သာ သက်ပြင်းချက်မိသည် ။
အိမ်ပြန်လာ ကိုကိုအားမျော်လင့်မိနေတုန်း ဆိုဖာပေါ်၌ တင်ထားသောဖုန်းမှမြည်သံကြားလိုက်ရသည် ။