Van Goh Black Tulip -5
" လေယာဉ်စီးရတာကြာအုံးမယ် အိပ်ချင်ရင်အိပ်လိုက် "
"ဟုတ် ကိုကို "
ထယ်ယောင်းကိုဘေးနားမှာထားတဲ့ ကျွန်တော့်လုပ်ရက်တွေကမှန်ရဲ့လား ။ ဒီကလေးကို အချိန်တန်ရင် ကျွန်တော်လွတ်ပေးမှာပါ တကယ်ရော လက်လွတ်ပေးနိုင်ရဲ့လား..။
ဂျောင်ကု တစ်ယောက် အတွေးထဲသာနှစ်မြောနေတော့သည်။ ဒီကောင်လေးနှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာသည် ရှေ့ဆက်ဖို့တွက်တော့ ဘယ်လိုတွေလာအုံးမည်နည်း။
အတိတ်ကပုံရိပ်များဆီသို့...
" Thor ပြန်လာမှာကိုမလာသေးဘူးလား "
"ဟာ ဒီမှာ က တာဝန်မှ မပြီးသေးတာ "
" ကိုယ့်နိုင်ငံလည်း မဟုတ်ဘူး သိပ်ပျော်နေလွန်းတယ် "
" ဟေးး မင်းမလာကြည့်ဘဲ မပြောနဲ့ ဒီမှာက နေရတာကောင်းတယ် "
အသက် ၄နှစ်ကွာသော်လည်း Jeon Jung Kookနှင့်အကိုဖြစ်သူJeon Thormax တို့ဟာ ညီအကိုလိုတစ်မျိုး သူငယ်ချင်းလိုမျိုး လွတ်လပ်စွာစကားကိုသုံးနှုန်းကြသည်။
" တော်ပါကွာ ဟိုဒေါက်တာကို သဘောကျနေလို့မို့လား "
" ဒေါက်တာ ကင်မ်ဆောင်ဟွန်း က ငါ့အတွက်သဘောကျချင်စရာဘဲလေ"
"နာမည်တွေပီပီသသပြောနိုင်နေပြီဘဲ"
နှစ်ယောက်လုံးမှာ Netherlands နိုင်ငံသားတွေဖြစ်သည်မို့ Korea စကားလုံးတွေ နာမည် အခေါ်ဝေါ်တွေက ခက်ခဲမယ်လို့ ထင်ရပေမယ့် Jung Kook ကတော့ ငယ်စဉ်ကတည်းက ကြိုက်နှစ်သက်ရာဘာသာစကားတွေကိုသင်ယူခဲ့ရာတွင် Korea language လည်းပါသောကြောင့် နားလည်ရန်မခက်ခဲပေ။
" ငါတာဝန်ချိန်အားရင် ဒေါက်တာ့ကို Korea စာသင်ပြ ခိုင်းတယ် "
"ကျေနပ်နေတာဘဲ "
"ငါတို့အငယ်လေးက သိပ်ကိုစကားတွေအများကြီးပြောနေပါ့လား Jk. တော့ဟုတ်ပါတယ်နော် "
" ကိုယ်က ကျန်တဲ့ချိန်တွေ အေးအေးစက်စက် နိုင်ပေမယ့် ကိုကိုနဲ့ တော့ ကျွန်တော်နွေးထွေးပေးပါတယ် "
"ကိုကိုကတော့ မင်းကိုမအေးစက်စေချင်ဘူး မင်းကလူငယ်လေ ပုံစံကွက်ကြီးလိုမနေနဲ့ "