Van Goh Balck Tulip - 8
ဖခင်ဖြစ်သူ အိမ်ရှေ့သို့ ရောက်နေပြီဖြစ်သော ထယ်ယောင်းတို့၏ကား။
ထယ်ယောင်းသူ့ပုခုံးကိုလှမ်းကိုင်သည်ကိုခံစားလိုက်ရသည်မို့ ဘေးသို့ကြည့်လိုက်ရသည်။
" အဆင်ပြေရဲ့လား..."
ညင်သာသော လေသံလေးဖြင့် မေးလာသော ဂျောင်ကုစကားအား ထယ်ယောင်း အပြုံးလေး ဖြင့်တုံ့ပြန်လိုက်ရင်း..။
"ယောင်း အဆင်ပြေပါတယ် ကိုကို၊ အနည်းငယ်စိတ်လှုပ်ရှားနေရုံပါ ၊ ပါးပါးနဲ့က ဖုန်းမပြောဖြစ်တာဆိုတော့..."
" လူကြီးမင်းကမ်က ထယ်ယောင်းကိုဘာမှမပြောပါဘူး.။ စိတ်လှုပ်ရှားမနေနဲ့ ဝင်သွားလိုက်တော့ ကိုယ်ဒီမှာဘဲစောင့်နေမယ် "
" ဟုတ်ကဲ့ ကိုကို "
ကိုကို့ အားကျွန်တော့် အားနာမိသည်။ ဒီအထိလိုက်လာခဲ့ပေးတာတောင် ကိုကို့ အဖို့လိုက်လျောလွန်းအားကြီးလှပြီမို့လား..။
ကြီးမားလှသော အဆင့်မြင့် အိမ်ကြီးထဲသို့ ဝင်သွားသော ထယ်ယောင်း နောက်ကျောပြင်လေးအား ဂျောင်ကု ကြည့်ဖြစ်အောင်ကြည့်မိလိုက်ပါသေးသည်။
*********************
" ဂျောင်ကု သိပ်ကိုတော်တဲ့လူငယ်ပါ..အစစ အားလုံးကောင်းတယ်...ဘာမှ အပြစ်ပြောစရာမရှိဘူ...ပြောစရာကတစ်ခုပဲရှိတယ်..အဲဒီတစ်ခုကလည်း အငယ်လေးသိတဲ့တိုင်းပဲ..ပါးပါးနဲ့ဆက်ဆံရေး.."
အကိုဖြစ်သူနမ်ဂျွန်းက ကုန်သွားပြီဖြစ်သော လက်ဖက်ရည်ခွက်အား စားပွဲပေါ်သို့ ချထားလိုက်ရင်း စကားစသည်။
" အင်း..ယောင်းလည်းအဲ့တာကိုစိုးရိမ်တာပါပဲ ကိုကြီးရယ်.."
ကိုယ့် မြတ်နိုးရတဲ့ ဒီလူသားအား အားလုံးနဲ့အမြင်ကြည်စေချင်ပါသည်။ ထယ်ယောင်း နည်းနည်းတော့စိတ်ရူပ်သွားကာ ပြန်ဖြေလိုက်သည်။
" သိပ်လည်းမစိုးရိမ်ပါနဲ့ အငယ်လေးရာ ဂျောင်ကုလည်း တစ်နေ့နားလည်လာမှာပါ.."
" ဟော သားငယ် ရောက်တာကြာပြီလား ပါးပါး လုပ်ငန်းလေးတွေ လုပ်နေလို့ကြာသွားတာ.."