|‌ ၂ |

588 98 37
                                    

ပြည့်ရှင်မင်းကြီးKim၏နန်းတော်ကို သွားသောလမ်းတစ်လျှောက်တွင် လာရောက်ခေါ်ဆောင်သောဝေါယာဉ်အား အိမ်ရှေ့စံ Jungအသုံးမပြု။
ကိုယ်တိုင်မွေးမြူထားသည့် *ညမွှေး*ဆိုသည့်မြင်းမလေးကိုသာ စီးနင်းလိုက်ပါလာခဲ့သည်။
အဘယ့်အတွက်ဆို ဝေါယာဉ်ဆိုသည်ကားမိန်းမပျိုလေးများအတွက်ဟူ၍သာ အိမ်ရှေ့စံJungမှတ်ယူထားသည်။
အိမ်ရှေ့စံလိုယောက်ကျားတစ်ယောက်အတွက် ဝေါယာဉ်ဆိုတာလုံးဝမအက်စပ်လေသဖြင့် တက်ကာစီးဖို့အတွက်မဝင့်ရဲပါ။

ခရီးလမ်းကအတော့်ကိုရှည်လျားလွန်း၍ မည်သို့နေ့ချင်းချောင်ခိုလာရောက်တိုက်ခိုက်နိုင်လဲဆိုတာ အိမ်ရှေ့စံJungတွေးလို့ပင်မရ။
ပြည့်ရှင်မင်းကြီးKimဟာ မည်သည့်စစ်ဆင်ရေးတပ်တွေထားရှိထားသည်လည်းမသိ တိုက်ရည်ခိုက်ရည်ကလည်းအလွန်ကျွမ်းကျင်ကြတာကို သတိထားမိသည်။
ထို့ကြောင့်လည်း တိုင်းပြည်တွေလိုက်လံသိမ်းပိုက်နိုင်သည်မဟုတ်လော။

" အိမ်ရှေ့စံJung~ ပင်ပန်းရော့လား? ကျတော်မျိုးနဲ့အတူစီးလေမလား? "

အိမ်ရှေ့စံJungရဲ့ မျက်နှာတော်ဝယ်ပူဆွေးဝမ်းနည်းရိပ်တွေပြည့်နှက်နေသည်ကို ဘေးမှငယ်စဉ်ကတည်းကအတူနေလာခဲ့သောသက်တော်စောင့်Jeonမှအတိုင်းသားမြင်နေရသည်။
ထို့ကြောင့် သက်တောင်စောင့်Jeonဟာ အိမ်‌ရှေ့စံJungအားသူနှင့်မြင်းအတူစီးရန်ကမ်းလှမ်းလာသည်။

သက်တော်စောင့်Jeonရဲ့ မျက်နှာသည်လည်းတည်တည်ကြည်ကြည်နေလို့သာ မျက်နှာပေါ်မှခံစားချက်တွေကိုဖတ်လို့မရခြင်း.. အမှန်တကယ်Jeonသည်လည်း ဝမ်းနည်းနေပါသည်။
အိမ်ရှေ့စံJungကိုကိုယ်လုပ်တော်အနေနဲ့ ကောက်တင်ခြင်းကိုလုံးဝမနှစ်သက်လှ။
အိမ်ရှေ့စံJungဟာ Jungတိုင်းပြည်ကိုဘယ်လိုတောင်အုပ်ချုပ်ချင်လိုက်သလဲ?
Jungတိုင်းပြည်က ပြည်သူပြည်သားတွေအပေါ်ဘယ်‌လိုတောင်မေတ္တာရှိပြီး ပေးကမ်းစွန့်ကြဲချင်လိုက်သလဲ?
Jungတိုင်းပြည်ဟာ အိမ်ရှေ့စံJungအတွက်ပျော်ရွှင်မှုပေးရာတစ်ခုသာ။
အခုပင်ဖြင့် အိမ်ရှေ့စံJung၏ပျော်ရွှင်မှုတွေက အဝေးပင်ရောက်ရပါပြီ။

" အဲ့လိုရလားJeon~ ကျွန်ုပ်အရမ်းပင်ပန်းနေပြီ။
ခရီးကလည်းအတော့်ကိုဝေးဝေးကျန်နေသေးတယ်။ "

٥ အတ္တရယ်ပြိုင်﹏ ٥ (complete)Where stories live. Discover now