| ၁၉ |

486 84 30
                                    

စစ်အင်အား(၃၀၀၀)ကျော်နဲ့ ချီတက်လာသည့်Jungတိုင်းပြည်ကြောင့် Kimစစ်သည်တို့ကလည်း တိုက်ခိုက်ရန်အသင့်ပြင်နေကြသည်။
Kimတိုင်းပြည်သည် (၅)ပြည်ထောင်ပေမို့မည်သူမှယဉ်လို့မရပေ။
အခုတွင်လည်း စစ်သည်အင်အားမဖြစ်သလောက်လေးဟာ Kimတိုင်းပြည်အတွက်မပြောပလောက်စရာပေ။
ထို့ကြောင့် Kimမှာအေးအေးဆေးဆေးလက်ပိုက်ထိုင်ကြည့်လို့တောင်ရသည်။
သို့သော် Kimသည် မျက်စိမျက်နှာအပျက်ပျက်ဖြင့် ခြေမကိုင်မိလက်မကိုင်မိ။
ဘာကြောင့်ဆိုသော်Kimစစ်သည်တချို့ဝန်းရံခြင်းခံထားရသည့် Jungကြောင့် ။
Kimမှာ ကိုယ့်စစ်သည်တွေရဲ့တာဝန်သိစိတ်ကြောင့် ခေါင်းပင်ထိုးကိုက်ရသလို တဖက်တွင်လည်းကိုယ်ချစ်ရသူက ကိုယ့်ကိုအလိုမရှိပဲသေစေချင်တယ်ဆိုတာသိလိုက်ရတဲ့အခါ Kimနှလုံးသားက သိပ်မခုန်တော့သလိုဘဲ။

ဘာတွေကြောင့်များကိုယ့်ကို မုန်းတီးရတာလဲ?။
ကိုယ့်ကိုသေစေချင်တဲ့အထိတောင် ဘာလို့များလဲ?။
ကိုယ်ဟာ ဘယ်လောက်ထိ‌တောင်ဆိုးသွမ်းခဲ့မိလို့လဲ။
ချစ်တယ်.. ဧကရီမြှောက်ပြီးရင်ချစ်တယ်လို့ပြောပြီး ကိုယ်တို့ကြားရှိခဲ့တဲ့အမှားတွေကိုချေဖျက်ပစ်မလို့လေ။
ဒါနဲ့ဘာလို့များကိုယ့်ရဲ့အချစ်တွေ ထုတ်ပြမယ့်အချိန်ကျမှ...။

Kimကျလုဆဲဆဲမျက်ရည်တွေကို ကောင်းကင်ပေါ်မော့ကြည့်ရင်းပျောက်ကွယ်စေကာ အသံထွက်ရယ်လိုက်သည်။
ဒီလိုဆိုခံစားချက်တွေကိုထိန်းထားနိုင်မယ်မလား။
ဒါမဲ့ တုန်နေတဲ့လက်တွေကိုတော့မထိန်းနိုင်ဘူး။
အဲ့တာကြောင့် Kimသူ့လက်တွေကို အနောက်ဆီပစ်၍ နှုတ်ခမ်းကိုတင်းတင်း‌စေ့ပြီးမျက်နှာကိုမော့ချီထားတဲ့Jungကို တချက်ငေးမိသည်။
သိပ်ပြတ်သားတယ်Jungရယ်~
ကိုယ်တော့်အပေါ်နည်းနည်းလေးတောင်မေတ္တာချည်ကြိုးမသွယ်ဘူးလားJung~

" ကိုယ်လုပ်တော်Jungကို ဘယ်လိုလုပ်ရမလဲအရှင်မင်းကြီး.."

"...."

တပ်သားတစ်ယောက်ရဲ့လျှောက်တင်သံ။
Kimမဖြေမိဘဲ နှုတ်ဆိတ်နေမိသည်။
Kimဘယ်လိုစီစဉ်ရလဲ။
တကယ်ဆို ဒီလိုတိုင်းပြည်ကိုပုန်ကန်တဲ့အရေးကသေဒဏ်ကိုစီစဉ်ရမှာလေ။
Jungကိုတော့ အဲ့လိုမလုပ်နိုင်ပါဘူး။
အဲ့ဒီအတွက်ဘာလုပ်သင့်လဲ။
ကိုယ့်စိတ်အတိုင်းသာဆို ကိုယ်ဆင်ပေးထားတဲ့အနီရောင်ဝတ်စုံနဲ့ Jungကို ရင်ခွင်ထဲဆွဲပွေ့ပြီးတင်ပါးကိုခပ်ဆတ်ဆတ်လေးရိုက်ကာ ဘာလို့အဲ့လောက်ဆိုးရတာလဲဆိုပြီးသာအော်ငေါက်ချင်မိပါသည်။
ကျန်တာဘာပြစ်ဒဏ်မျိုးမှမပေးချင်ဘူး။
ဘာလို့ဆို Jungနဲ့ကိုယ်ဟာတိုက်ရိုက်အချိုးကျတာမို့ Jungပြစ်ဒဏ်ခံစားရရင်ကိုယ်လည်းပြစ်ဒဏ်ခံနေရသလိုပဲမို့..။
ဒါ‌ပေမဲ့ ကိုယ်ဟာပြည့်ရှင်မင်းတစ်ပါး..တိုင်းပြည့်ခေါင်းဆောင်..။
လမ်းမှားလို့မရဘူးမို့...။

٥ အတ္တရယ်ပြိုင်﹏ ٥ (complete)Where stories live. Discover now