ခြေလှမ်းကြဲကြဲတွေနဲ့သွားနေသောJungလက်ကိုဆွဲ၍ Jeonရပ်စေလိုက်ပြီး..
" ဘာလို့အဲ့လိုလုပ်ခဲ့ရတာလဲJung? သူမကမင်းကြီးအချစ်တော်မိဖုရားYoတဲ့။ ဘယ်လိုလုပ်ကြမလဲ? မင်းကြီးအမြတ်ထွက်ပြီးတစ်ခုခုလုပ်တော့မှာ"
" သင်ကြောက်နေတာပဲ.. စိတ်မပူပါနဲ့အခုကိစ္စမှာသင်နဲ့ဘာမှမဆိုင်ပါဘူး။ မင်းကြီးကသင့်ကိုအပြစ်စီရင်မှာမဟုတ်တာမို့-"
" မဟုတ်ဘူး...! ကြောက်လို့ပြောနေတာမဟုတ်ရပါဘူး။ Jungကိုစိုးရိမ်လို့ပြောနေတာ.. ကျတော်မျိုးကJungရဲ့သက်တော်စောင့်လေ။ ဘဝမှာJungတစ်ခုခုဖြစ်မှာကိုအစိုးရိမ်ဆုံးပဲမို့ ပြောမိတာပါ"
Jungစကားကိုဖြတ်ပြီးပြောလာသည့် Jeonစကားတို့ဟာလေးနက်နေသော်ငှား Jungခေါင်းရမ်းငြင်းဆိုမိသည်။
Jungကလူအကဲခတ်တဲ့နေရာမှာ ဘယ်သူမှမထင်ထားလောက်အောင်တော်တာ။
လူတစ်ယောက်ကိုကြည့်လိုက်တာနဲ့အဲ့ဒီလူရဲ့အတွင်စိတ်ကိုလုံးဝဖတ်နိုင်တယ်။
အခုလည်း Jeonရဲ့စကားတွေကလေးနက်တာကိုမြင်ရပေမယ့် အတွင်းစိတ်ထဲမှာအရိုက်ခံရတဲ့မိဖုရားYoဆိုသူကို သနားနေတာကိုJungသိသည်။
ဒါကိုJungမကြိုက်.. မိဖုရားYoဆိုတဲ့မိန်းမကိုသနားလို့မရဘူး။" သင်ပြောတာတွေကိုယုံပေမယ့် ဘယ်လိုလုပ်မလဲ? သင်ကြောက်နေတာကိုလည်းယုံနေတယ်။"
" ဟုတ်တယ်..ကျတော်မျိုးကြောက်တယ်...! အဲ့ဟာကJungထိခိုက်သွားမှာကိုပါ.. ဒါကိုယုံပေးပါJung"
" ရှိစေတော့ ခနနေ,နေလည်းဝင်တော့မှာမို့ ကျွန်ုပ်အဆောင်ဆီပြန်တော့မယ်"
Jeon ဆွဲယူထားသည့်လက်ကိုဖြုတ်၍ ပြန်မယ်လုပ်တော့ Jeonကထပ်ဆွဲထားပြီး...
" မိဖုရားYoကိုဘာ့အတွက်ရိုက်ခဲ့ရတာလဲ? ရုတ်တရက်ကြီးလေ?"
" ရွံလို့.... ရပြီလား။
နောက်ထပ်ပြီးကျွန်ုပ်လက်ကိုဆွဲမကိုင်ပါနဲ့.. "နောက်ထပ်လက်ကိုမဆွဲဖို့သတိပေး၍ Jeonကိုင်ထားတဲ့လက်ကိုနောက်တစ်ကြိမ်ပြန်ရုတ်ကာJeonအဆောင်မှ အပျိုတော်တို့ကိုခေါ်၍အဆောင်ဆီပြန်လိုက်သည်။
အဆောင်ပြန်ရာလမ်းတစ်လျှောက်တွင် ဝတ်ရုံအောက်ကဆေးထုတ်ကိုကိုင်၍ Jungအံတွေကြိတ်ထားရသည်။
ဘာ့ကြောင့်ဆို နာကျင်နေသောဒဏ်ရာများကြောင့်..။
YOU ARE READING
٥ အတ္တရယ်ပြိုင်﹏ ٥ (complete)
Hayran Kurguအတ္တတွေရဲ့ အလွန်မှာအချစ်ဆိုတာကိုဖုံးကွယ်ထားကြတဲ့အခါ~ Start (9.4.2023) End ( 4.5.2023)