" ကိုယ်လုပ်တော်Jung သာယာနေပါ့လားနော်~"
ခနိုးခနဲ့ လေသံပျော့ပျော့က Jungကိုတည့်တည့်ကြည့်၍ဆိုလာခြင်း။
ပန်းရောင်ပါးနီကို ဝတ်ရုံပန်းရောင်နဲ့လိုက်ဖက်အောင်ဆင်ခြယ်ထားတဲ့ မိဖုရားYoဟာ သူမကိုယ်ပေါ်ကတန်ဖိုးကြီးအဆင်တန်ဆာတွေလိုသူမစိတ်ဓာတ်ကိုတန်ဖိုးမမြှင့်နိုင်ဟန်။
Jungကိုပြုံးပြီးပြောလာပုံက သူမအတွင်းစိတ်ကိုထင်းခနဲလင်းခနဲဖော်ပြနေသလို..။
Jung မိဖုရားYo၏အမေးကိုပြန်မဖြေကြားဘဲ လက်ထဲကစာအုပ်ကိုသေချာပြင်ကိုင်၍ ရှေ့ကစာပေအမတ်ဆိုသူအား မပွင့်တပွင့်အပြုံးဖြင့်.." ကျေးဇူးပါ... "
ထိုတစ်ခွန်းသာပြောပြီး Jungကစာကြည့်တိုက်ထဲမှ မိဖုရားYoနှင့်ဆန့်ကျင်ဘက်ထွက်ပေါက်မှထွက်သွားလေရာ ကျန်ခဲ့သည့်မိဖုရားYoမှာအို့တို့ရှန်းတန်းဖြစ်သွားရပြီး Joonကိုတောင်နှုတ်မဆက်နိုင်ဘဲ တန်းထွက်သွားလေသည်။
စာကြည့်တိုက်လာပြီး စာအုပ်တစ်အုပ်မှမယူဘဲထွက်သွားသည့်မိဖုရားYoကြောင့် Joonမှာမျက်ခုံးပင့်မိသည်။
သူသိသောမိဖုရားYoသည် သိပ်ယဉ်ကျေးသိမ်မွေ့သလို စာဖတ်အထုံပါ..အခုလိုမယဉ်မကျေးနဲ့စာအုပ်တစ်အုပ်ကိုတောင် မျက်လုံးစွေမကြည့်တဲ့သူမဟုတ်ပါဘူး။*
Jungကိုယ့်အဆောင်ဆီ ယူလာသည့်စာအုပ်များထဲမှ စာပေအမတ်ရွေးပေးလိုက်တဲ့စာအုပ်ကိုဖတ်နေမိသည်။
စာအုပ်သည် ဘဝနေနည်းများအကြောင်းကိုစိတ်ဝင်စားဖွယ်ရေးဖွဲ့ထားတာမို့ Jungလမ်းလျှောက်ရင်းဖတ်နေမိတဲ့အထိစွဲလမ်းနေရသည်။
စာရွက်တွေကိုတစ်ရွက်ပြီးတစ်ရွက်လှန်ဖတ်ရင်း စာကြောင်းတစ်ကြောင်းအရောက် Jungနှုတ်မှရေရွတ်မိသွားသည်။
ထိုစကားကြောင်းသည်...." ဘယ်အရာကိုမှမကြောက်ဘဲ ရဲရဲဝင့်ဝင့်ရင်ဆိုင်ကျော်ဖြတ်ပါ" တဲ့။
ထိုစာကြောင်းမှာJungရဲ့ခန္ဓာကိုယ်ထဲအင်အားမြင့်တဲ့သတ္တိတွေဝင်ရောက်လာသည့်နှယ် အပူရှိန်တွေတရိပ်ရိပ်နဲ့။
နောက် Jungတွေးမိတာက မင်းစုတ်Kimကိုအပြတ်သတ်မယ်လို့။
သတ်ပြီးရင် သူပိုင်ဆိုင်တဲ့တိုင်းပြည်တွေကိုလက်ဝါးကြီးအုပ်ပြီး အုပ်ချုပ်ပစ်မယ်ဆိုပြီး တွေးရင်းJungပြုံးမိသည်။
YOU ARE READING
٥ အတ္တရယ်ပြိုင်﹏ ٥ (complete)
Fanfictionအတ္တတွေရဲ့ အလွန်မှာအချစ်ဆိုတာကိုဖုံးကွယ်ထားကြတဲ့အခါ~ Start (9.4.2023) End ( 4.5.2023)