| ၅ |

532 102 33
                                    

Kimတစ်ယောက် နန်းဆောင်အပြင်ကအရိပ်ကလေးကို ပါးလွှာလွန်းတဲ့တံခါးကနေကြည့်နေမိသည်။
တစက်ကလေးမျှယိမ်းယိုင်သွားခြင်းမရှိသည့် ခန္ဓာကိုယ်လေးသည် သိပ်ကိုမာကြောကြောင်းပြနေသလို..။
တကြိမ်တခါမှ ကိုယ်လုပ်တော်Jungအပေါ်လုပ်ခဲ့သည့်အပြစ်ဒဏ်မျိုးတွေ နန်းတက်လာတဲ့(၆)နှစ်ကြာမျှသောသတ်တမ်းတလျှောက်မှာ မည်သူ့ကိုမှမပြုမူခဲ့ဖူး။
နောက်ပြီးKimသည် ဘယ်သောအခါကမှအခုလိုကလေးဆန်တာမျိုးမလုပ်ခဲ့။
ကိုယ်လုပ်တော်Jungနဲ့မှသာရယ်....။
ကိုယ်လုပ်တော်Jungအပေါ်မှဘာလို့လုပ်ရလဲဆိုရင်ဖြင့်အကြောင်းပြချက်ကJungတိုင်းပြည်ကအိမ်ရှေ့စံမို့လို့သာဆိုသည့်အဖြေရှိသည်။

မနက်(၃)နာရီ...

အရိပ်ကလေးအခုထိမာန်မလျှော့သေး.. မျက်နှာကိုအပေါ်မော့ထားရင်းနှင်းစက်တွေကိုခံယူနေတုန်းဘဲ။
Kim စိတ်တွေကမူမှန်မနေတော့ပါ။
ကိုယ့်ကြောင့်သာတစ်ခုခုဖြစ်ရင်ဆိုတဲ့စိတ်နဲ့ ‌ခြေလှမ်းတွေကစိတ်ထက်ဦးစွာ နန်းဆောင်အပြင်ကကိုယ်လုပ်တော်Jungဆီရောက်သွားပြီဖြစ်သည်။
အပြင်ကိုထွက်ခါမှပဲအတော့်ကိုအေးမှန်းသတိထားမိလာသည်။
ဒီလောက်အအေးဒဏ်ကိုကိုယ်လုပ်တော်Jungဘယ်လိုများတောင့်ခံနိုင်ရတာလဲ?။

" အဟမ်း.!"

Kim ကိုယ်လုပ်တော်‌Jungအား ချောင်းဟန့်သံပေး၍ သတိထားမိအောင်လုပ်ရာJungကမှိတ်ထားတဲ့မျက်လုံးတွေဖွင့်လာပြီး ရေသေလိုတည်ငြိမ်နေတဲ့အကြည့်တွေနဲ့Kimကိုကြည့်လာသည်။
ထိုအကြည့်များကြောင့် Kimမှာဘာပြောရမလဲဆိုတာစဉ်းစားလို့ပင်မထွက်နိုင်။
ဟိုဟိုဒီဒီကြည့်ရင်းစဉ်းစားနေတုန်း မျက်လုံးထဲဝင်လာတဲ့အရာတစ်ခုကြောင့် Kimချက်ချင်းပင်ဒူးထောက်လိုက်ရသည်။

သွေးစတို့ကပ်ညှိနေသောဝတ်ရုံအဖြူက Kimအာရုံကိုဖမ်းစားသွားခဲ့ခြင်း။
ဘာ့ကြောင့်ရသည့်ဒဏ်ရာများလဲမသိ။
သွေးစတို့ကတော့ခြောက်လို့ပင်နေလေပြီ။

" ဘာနဲ့ထိမိထားတာလဲ ကိုယ်လုပ်တော်Jung?"

"...."

" ကိုယ်တော့်အမေးကို တိတ်မနေပါနဲ့။
ပြန်ဖြေပါကိုယ်လုပ်တော်Jung.."

٥ အတ္တရယ်ပြိုင်﹏ ٥ (complete)Where stories live. Discover now