| ၁၈ |

465 86 26
                                    

အုပ်အုပ်သဲသဲနှင့် ဆူညံနေသည့်ညီလာခံ။
အမတ်တွေအားလုံးက တစ်ယောက်တစ်ပေါက်ဖြင့် မင်းကြီးဖြစ်သူKimကိုပင်အရေးမစိုက်ဘဲ စကားများနေကြသည်။
Kimသည်တော့ နဂါးပုလ္လင်ရဲ့လက်ရန်းပေါ်လက်ထောက်ရင်း နဖူးကိုပွတ်သပ်ကာစိတ်ပျက်ခြင်းအပြည့်ဖြင့် ညီလာခံအတွင်းတိတ်ဆိတ်စွာထိုင်နေလျက်။
တကယ်တော့ Kimကိုယ့်ကိုကိုယ်စီစစ်ကြည့်နေတာ။

Kim, Jungတိုင်းပြည်ကို Jungဆီပြန်ပေးခဲ့သည်။
ထိုသည်က Jungကိုယ့်အပေါ်မှာရှိတဲ့ အထင်လွှဲမှုတွေကို ပပျောက်စေဖို့သာ။
သို့သေသိ အထင်လွဲမှုတွေမရှိတဲ့နောက်မှာ အေးစက်သွားတဲ့ဆက်ဆံရေးဟာ ကိုယ်တို့နှစ်ဦးကြားဝင်လာသည်။
ဘယ်အရာတွေကစအေးစက်သွားလည်းမသိပေမယ့် အဓိကတရားခံကတော့ ကိုယ်သာ။
မရေရာတဲ့ Jungအပေါ်ကကိုယ့်ခံစားချက်တွေကို စမ်းစစ်ချင်တဲ့ကိုယ်ဟာ Jungကိုမတွေ့ပဲနေကြည့်မယ့်ခပ်နုံနုံအတွေးနဲ့ Jungတိုင်းပြည်ကပြန်ရောက်သည်မှစ၍ Jungအားရှောင်ဖယ်ကြည့်ခဲ့သည်။
အကယ်၍ Jungအပေါ်ဖြစ်တည်နေသည့်ခံစားချက်ကား အချစ်ဆိုရာဝယ်ဘယ်လိုပဲဖြစ်ပါစေ တွေ့ချင်နေမိမယ်လို့Kimထင်ခဲ့သည်။
တကယ်လည်း (၃)ရက်မပြည့်ခင်မှာပဲ Jungကိုမတွေ့ရရင်မနေနိုင်ဖြစ်ခဲ့ရတာပါပဲ။
ဒါပေမယ့် အဲ့ဒီအချိန်မှာအချစ်ဆိုတာကို မိဖုရားYoအပေါ်မှာပဲရှိတယ်လို့ထင်တဲ့ Kimက အမှန်တရားကိုလက်မခံခဲ့ဘူး။
Jungကို ချစ်မိနေပါတယ်ဆိုတဲ့အမှန်တရားဆီကနေထွက်ပြေးပြီး ပုန်းရှောင်နေခဲ့တာ(၆)လအတိထိပဲ။
ထို(၆)လအတွင်း မမြင်ကွယ်ရာကနေJungကို စောင့်ကြည့်ခဲ့ပေမယ့် ချစ်လို့ဆိုတာထက် မဟုတ်တာတစ်ခုခုလုပ်နေမှာဆိုးလို့ဆိုသည့်မဟုတ်တန်းတရားအချက်ကြီးနဲ့ Kimဟာ Jungဆီကပြေးထွက်ခဲ့တာ။
Jungရဲ့ မကောင်းသတင်းတွေ...
အထူးသဖြင့် မိဖုရားYoကိုကိုယ်ထိလက်ရောက်လုပ်တယ်ဆိုတဲ့သတင်းတွေ..အဲ့သတင်းတွေကြားတိုင်းလည်း Kimမှာ မိဖုရားYoဆီသွားတောင်းပန်ရသည်ကအမော။

မချစ်ဘူးလို့သတ်မှတ်နေပေမယ့် မသိစိတ်ကသူမှသူဖြစ်နေတဲ့အခါ ကိုယ်မသိလိုက်တဲ့အချိန်မှာပဲအရေးမပါတဲ့ကိစ္စကအစသူ့အတွက်လုပ်ပေးနေမိတော့တာ။
ဒါတောင် Kimအချစ်လို့အမည်မတပ်ချင်သေးဘူး။
ဒါပေမယ့် ကိုယ့်ရဲ့Jungအပေါ်ကခံစားချက်တွေက အချစ်ဆိုတဲ့ခေါင်းစဉ်အောက်မှာ လုံးလုံးလျားလျားကြီးဝင်နေတော့ Kimဆုံးဖြတ်ချက်ချလိုက်ပြီ။
Jungကို ဧကရီမြှောက်ဖို့အတွက်... Kimဆုံးဖြတ်ပြီးပြီ။

٥ အတ္တရယ်ပြိုင်﹏ ٥ (complete)Where stories live. Discover now