| ၁၀ |

567 93 77
                                    

" စားတော်ကဲJin ကိုယ်တော့်ကိုယ်လုပ်တော်Jungစီးမယ့်ဝေါယာဉ်နဲ့အတူခရီးကိုလိုက်ခဲ့..."

ခရီးစမယ်ဆိုလို့ မြင်းပေါ်တတ်မယ်အလုပ်အနောက်ကနေကြားရသည့်Kimစကားကြောင့် Jinမှာ မြင်းပေါ်တွယ်တက်နေတဲ့လက်တွေကအားမရသလိုပျော့လာပြီး ခြေထောက်တွေကတုန်ချင်နေသည်။

Jinသရဲကြောက်တာ Kimသိရက်နဲ့သက်သက်ကို..

" မင်းကြီးရားးး ဟင့့် မ မှန်လှပါလို့.."

Jinငြင်းဖို့ကြံလိုက်ပေမယ့် အနောက်လှည့်ချိန်မြင်ရသည့်မျက်နှာတည်တည်ကြီးကြောင့် ကြောက်မိသဖြင့်မငြင်းနိုင်ခဲ့။
တကယ်ဆိုခရီးကိုလျှာရှည်ပြီးမလိုက်ခဲ့ရင်ကောင်းမှာ။
အဲ့လိုဆို အဲ့ကြောက်စရာဝေါယာဉ်ကိုမစီးရတော့ဘူး။

Jinမှာအတုန်တုန်အရီရီဖြစ်နေတဲ့ ခြေထောက်တွေနဲ့နောက်ဆုံးက ဝေါယာဉ်ဆီသွားလိုက်ရသည်။

Jungတစ်ယောက်ထဲမစီးစေချင်ရင်လည်းကိုယ်တိုင်လိုက်ပါမစီးပါဘဲ Kimသည် Jinကိုပဲလှော်ကြားကဆား‌ဖြစ်စေသည်။
Kimစိတ်ကို မည်သူမှလိုက်မှီမယ်မထင်။

*

Jung အသက်မဲ့စွာနဲ့အနံ့အသက်မကောင်းတဲ့ဝေါယာဉ်ပေါ်ထိုင်နေမိသည်။
Jungသည် ဘာအမှားမှမလုပ်ပါပဲနဲ့ ယခုလောက်ထိလူအများရှေ့မှာ အရှက်ကွဲသည်အထိအပြစ်ပေးသည်က ထိုမင်းဆိုးအားအမုန်းတွေတိုးစေသည်။
သို့သော်ထိုမင်းဆိုးဆိုးကို မည်သို့ပင်မုန်းတယ်ဆို‌ပါစေ ရင်ထဲဝယ်မုန်း၍မရတာJungသာသိသည်။
မုန်းမရသလို ချစ်လေသလားဆိုလည်းမဟုတ်ပြန်။
Jungသည် မိန်းမပျိုလေးများကိုမျက်စိကျပြီး မိန်းမပျိုလေးများကိုသာထိတွေ့ချင်သည်။
ဒီလိုဆိုရင်ဖြင့် အစောကဟိုမင်းဆိုး၏အနမ်းကြမ်းမှာ ခုန်ဟီးခဲ့တဲ့နှလုံးသားဟာဘာမှမဟုတ်လေတော့။
နောက် အနာပေးကာဆေးပြန်ပေးတတ်တဲ့Kimဆိုသည့်မင်းဆိုးအပေါ် နယ်ကျွံကာသဝန်တိုတတ်တဲ့Jungစိတ်ကလေးကလည်း ဘာမှမဟုတ်သည့်အတိုင်း။
တကယ် Jungကမိန်းမပျိုလေးတွေပဲနှစ်သက်တာ။

" ကိုယ်လုပ်တော်Jung~ ကျတော်မျိုးကိုဝေါယာဉ်ပေါ်လိုက်ပါစီးနှင်ခွင့်ပြုပါ.."

٥ အတ္တရယ်ပြိုင်﹏ ٥ (complete)Where stories live. Discover now