" ကိုယ်လုပ်တော်Jung .. နိုးနေပြီလား? ဒါဆိုထပြီးဆန်ပြုတ်သောက်ရအောင်..."
Kim အမြန်ဆုံးခြေလှမ်းတွေနဲ့ တည်းခိုဆောင်ဆီပြန်ရောက်ရောက်ချင်း Jungခုတင်ဘေးဝင်ထိုင်ကာပြောမိခြင်း။
သို့သော်Kim Jungအားမသေချာမကြည့်မိသေး..ပူနေတဲ့ဆန်ပြုတ်ကိုသာကြည့်၍အေးသွားအောင် ဇွန်းဖြင့်မွှေ၍လေအေးအေးလေးမှုတ်ရင်းပြောနေခြင်းသာ။Kimအဖြေပြန်မလာသောJungကြောင့် Jungဆီကိုကြည့်မိချိန် မျက်ရည်အပြည့်ဖြင့်ရှိုက်ငိုနေသောJung။
Kimသွေးတွေ အထက်အောက်ပြောင်းပြန်စီးသွားသလိုဘဲ ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်သွားရသည်။
ထိုသည်ဟာ Jungမျက်ရည်များကြောင့်။Kimလက်ထဲရှိ ဆန်ပြုန်ပန်းကန်ပူပူကိုအနီးအနားကထိုင်ခုံပေါ်လှမ်းတင်လိုက်ပြီး ငိုနေသူလေးအား ဘာကြောင့်ငိုရသည်ကိုမေးရတော့သည်။
" ကိုယ်လုပ်တော်Jungဘာလို့ငိုနေရတာလဲ? ဒဏ်ရာကနာနေလို့လားဟင်?? "
"..."
" သင့်ခမည်းတော်ကိုလွမ်းလို့လား? လွမ်းရင်ကိုယ်တော်အလည်အပတ်သဘောမျိုးလိုက်ပို့မယ်လေ။ အဲ့ဒါကြောင့်မငိုနဲ့တော့နော်~ တိတ်ပါကွာ.."
" ဟင့်~ အင့်.."
Kimမှာ မေးခွန်းတွေစိုးရိမ်တကြီးမေးနေသော်လည်း Jungဟာမဖြေ။
မျက်ရည်တွေအဆက်မပြတ်ကျရင်း ရှိုက်ငိုတုန်းဘဲ။
ထို့ကြောင့် Kimမှာပိုစိတ်ပူရသည်။
အကြောင်းအရင်းလေးများသိရရင် ဖြေရှင်းလို့ရနိုင်ပေမယ့် အခုသည်ဘာမှကိုမသိရသောအခါ Kimပို၍စိုးထိတ်ရပါသည်။" ကိုယ်လုပ်တော်Jungဘာဖြစ်တာလဲဆို ကိုယ်တော်မေးနေတာပြန်ဖြေလေ။ ဘာလဲ? ကိုယ်တော့်ကိုအရေးမစိုက်တာလား..!"
" ဟင့် ့့"
စိုးရိမ်လွန်းတာကြောင့် Kimစိတ်ဆတ်ကာအော်လိုက်မိတော့ ငိုနေရာကနေခေါင်းကိုရမ်းပြနေသောJungသည် သနားဖွယ်။
မျက်ရည်တွေရော ချွေးတွေကောပါနစ်နေသည့်မျက်နှာနုနုသည် ပင်ပန်းလွန်း၍နွမ်းဖတ်နေသည်။
ပေါက်ပြဲနေသည့် နှုတ်ခမ်းပါးတွေကလည်းဘယ်လောက်တောင် သွားတွေနဲ့ဖိကိုက်ထားလို့ရယ်မသိ သွေးတို့စို့နေသည်။
ဆံနွယ်တွေကလည်း ထုံးဖွဲ့ထားခြင်းမရှိသည့်အတွက် နွမ်းဖတ်နေတဲ့မျက်နှာလှလှမှာ မျက်ရည်တို့ဖြင့်ကပ်ညိနေသေးသည်။
YOU ARE READING
٥ အတ္တရယ်ပြိုင်﹏ ٥ (complete)
Fanfictionအတ္တတွေရဲ့ အလွန်မှာအချစ်ဆိုတာကိုဖုံးကွယ်ထားကြတဲ့အခါ~ Start (9.4.2023) End ( 4.5.2023)