ဖြစ်ပျက်ခဲ့သမျှအရာအားလုံးကိုခြုံငုံကြည့်မည်ဆို အားလုံးရဲ့အစကKimသာ။
Kimသာ Jungတိုင်းပြည်အပေါ်စစ်ပွဲမနွှဲခဲ့ရင် အခုလိုနာကျည်းစရာတွေဖြစ်လာမှာမဟုတ်တန်ရာ။
အားလုံးကKimကြောင့်.. ။
ပြဿနာတွေရဲ့အစပြုသူKimကို Jungမုန်းချင်သည်။
ဒါပေမယ့် မမုန်းနိုင်စွာနဲ့ ချစ်နေမိပြီလားတောင်မသိပါ။
ကံကြမ္မာရေးသူကို Jungအပြစ်ပြောချင်လှ၏။
အဘယ်အတွက်နှင့် မုန်းသင့်သူကိုချစ်စေလေသနည်း။
မည်သို့ပင်ဆိုစေကာမူ အချစ်၊အမုန်းကိုJungမှာ အရေးပေးတွေးပြီး လုပ်သင့်တာကိုမလုပ်ပဲနေမရ။
ဆုံးရှုံးခဲ့ရသည်အတွက် လက်စားချေခြင်းဟူသည်တော့ ပြုရမည်မဟုတ်လား။
အနည်းဆုံးJeonအတွက် တစ်ခုခုတော့လုပ်ပေးသင့်တယ်မဟုတ်လား။
ချစ်နေသူကို ကိုယ်တိုင်သတ်လို့နာမယ်ဆိုတဲ့နှလုံးသားလည်း စိတ်ကြိုက်နာပါစေ။
ခဏပါပဲပြီးရင် ကိုယ်ကောလိုက်သွားမှာ။" Jungငယ်~ ဘာဖြစ်သွားသေး-အ့!"
စိုးရိမ်ခြင်းတွေနဲ့မေးလာသူအား အနီးကအလှပြင်ခုံထက်ကဆံထိုးတစ်ခုကိုယူ၍ ထိုးချပစ်လိုက်သည်။
သိပ်တော့ရယ်ရသား... အသက်သေအောင်သတ်ပါတယ်ဆို JungမှာKimနာမှာဆိုးရွံနေမိသည်။သို့သော်လည်း ဆံထိုးကိုကိုင်ထားသည့်လက်တွေက Kimဗိုက်ဆီကိုပိုတိုးဖိနှစ်မိ၏။
ထိုတွင် Jungလက်ဆီစွန်းထင်းလာသည့်Kimသွေးစက်တွေ။
တဖြည်းဖြည်းစေးကပ်လာသည့်သွေးတွေက Jungတုန်လှုပ်ဖို့သင့်ပါတယ်။" မုန်းတယ်"
ဘာကြောင့်ရယ်မသိပါ.. ကိုယ့်အားမျက်ရည်တွေနှင့်ပြုံးပြနေသူကို စိတ်ထဲကမပါသောစကားဖြင့်ထပ်ကာနာကျင်စေမိပြန်သည်။
ကျွန်ုပ်မရည်ရွယ်ဘဲဖြစ်တည်ခဲ့တဲ့ချစ်ခြင်းကို ချပြဖို့မဝံ့ရဲဘူးKim..။" ကျေနပ်ရဲ့လား ကိုယ်တော့်Jungငယ်~ "
Jungသိခဲ့တဲ့မင်းဆိုးKimမှဟုတ်သေးရဲ့လားမသိပါ။
ဒီရက်ပိုင်းအတွင်း KimဟာJungအပေါ်သိပ်နူးညံ့လာသည်။
ပြောင်းလဲလာတာတွေက အချစ်ကြောင့်လား/သူ့ရဲ့အမှားတွေကြောင့်များလားဆိုတာတော့ Kimသာသိလိမ့်မည်။နာကျင်ဖွယ်အပြုံးတွေကြားက မေးလာသည့်Kimဟာ Jungမျက်နှာအားသူ၏လက်ဖြင့်ပွတ်သပ်နေသည်။
Jungထိုအပြုံးတွေကိုမုန်းပေမယ့် အပြုအမူလေးကိုနှစ်သက်နေမိတာမို့မရုန်းမိ။
အရည်စိုနေသည့်မျက်ဝန်းမှိုင်းမှိုင်းနဲ့ Jungကိုခပ်တွေတွေငေးစိုက်ကြည့်နေသူဟာ သူ၏ဗိုက်ဆီကနာကျင်မှုကို မရှိသလိုပုံစံနဲ့။
YOU ARE READING
٥ အတ္တရယ်ပြိုင်﹏ ٥ (complete)
Fanfictionအတ္တတွေရဲ့ အလွန်မှာအချစ်ဆိုတာကိုဖုံးကွယ်ထားကြတဲ့အခါ~ Start (9.4.2023) End ( 4.5.2023)