| ၁၂ |

513 108 28
                                    

Kimတိုင်းပြည်ရဲ့အိမ်နီးချင်းတိုင်းပြည်တစ်ခုဖြစ်တဲ့ Banတိုင်းပြည်၌ အရေးကြီးသည့်ညီလာခံကျင်းပနေသည်။
အကြောင်းမှာ အနှစ်နှစ်အလီလီစောင့်ဆိုင်းခဲ့ရသည့်အခွင့်အရေးကိုရရှိလာခြင်းကြောင့်ဖြစ်သည်။

Ban တိုင်းပြည်နဲ့Kimတိုင်းပြည်တို့သည် လွန်လေပြီးသောနှစ်ပေါင်းများစွာကတည်းက အပြိုင်အဆိုင်ရှိ၍ ကမ္ဘာ့ရန်ဖက်တွေပင်။
သို့သော် ရုတ်ချည်းပြောင်းလဲသွားသောအခြေအနေအရ Banတိုင်းပြည်ဟာ Kimတိုင်းပြည်၏အောက်ကိုရောက်သွားရသည်။
Banတိုင်းပြည်မှာ Kimတိုင်းပြည်အားယဉ်ပြိုင်နိုင်နှုန်းမဲ့စွာ အနှိမ်ခံဘဝရောက်ခဲ့ကသည်။
ထိုသို့ဖြစ်ရခြင်းမှာ  အကိုတော်တွေကိုသတ်ဖြတ်၍ထီးနန်းသိမ်းကာ နန်းတက်ခဲ့သည့် မင်းကြီးKim Taehyung ကြောင့်ပေ။

မင်းကြီးKim Taehyungနန်းတက်သည်မှစ၍ တဟုန်ထိုးကြီးပွားချမ်းသာလာသောKimတိုင်းပြည်ကို အိမ်နီးချင်းဖြစ်သည့်Banတိုင်းပြည်ဟာ မနာလိုဝန်တိုခဲ့ရသည်။
သိမ်ငယ်ခြင်းများခံစားခဲ့ကြရသည်။
နှစ်ပေါင်းများစွာ Kimတိုင်းပြည်နဲ့အတူရင်ဘောင်တန်းနိုင်ခဲ့ပါလျက်နှင့် (၆)နှစ်တာဆိုတဲ့နှစ်တိုလေးတစ်ခုအတွင်းမှာအနိမ့်အမြင့်သိသိသာသာကွာခြားသွားခြင်းက Banတိုင်းပြည်ရဲ့သိက္ခာကိုကုန်းကောက်စရာပင်မရှိလေအောင်ဖြစ်ခဲ့ရသည်။
အရှက်၊သိက္ခာကို တန်းဖိုးထားတဲ့ခေတ်မှာ ကိုယ့်တိုင်းပြည်တန်ဖိုးကိုပြန်လည်မြှင့်တင်ရေး စောင့်ဆိုင်းနေခဲ့ရသောနေ့ရက်သည် ဒီနေ့ပင်ကျရောက်လာခဲ့ပြီ။

Kimမင်းကြီး နယ်စပ်ဒေသကိုစစ်သည်အင်အားရာကျော်လေးမျှစိုက်ရောက်လာခြင်းသည် Banတိုင်းပြည်အတွက်မဟာအခွင့်အရေးတစ်ခုသာ။
တုံးအသည်လား ပေါ့ဆသည်လားမသဲကွဲသောKimမင်းကြီးရဲ့လုပ်ရပ်ကို လှောင်ပြောင်သရော်ရင်း Banတိုင်းပြည်ရဲ့ညီလာခံဟာမြန်မြန်အဆုံးသတ်သွားပြီး စစ်မမည်သောပုန်းခိုလုပ်ကြံခြင်းအားစတင်ကြတော့သည်။

နယ်စပ်ဆိုသည် Banတိုင်းပြည်ရဲ့နယ်နမိတ်အနီးမှာမို့ ချောင်းခိုတိုက်ခိုက်ခြင်းသည်လွယ်ကူလွန်းစွာ။
စစ်အင်းအားလုံလုံလောက်လောက်ကို ယူဆောင်၍ အလျှိုလျှိုတိတ်ဆိတ်စွာဖြင့် Kimစစ်သည်များနှင့်နီးရာ ချည်းကပ်လာကြသည့် Banစစ်သည်တွေ။

٥ အတ္တရယ်ပြိုင်﹏ ٥ (complete)Where stories live. Discover now