| ၁၅ |

468 99 18
                                    

( Hunkim)ဒေသ။

တောရိုင်းပန်းတွေရဲ့အလယ်...,
လေယူရာယိမ်းနွဲ့‌နေတဲ့မျက်ရိုင်းရှည်ရှည်တွေရဲ့အလယ် အမည်ပင်မသိသောတစ်ယောက်သောသူအားလွမ်းဆွတ်နေမိသလိုခံစားရစေတဲ့ ခံစားချက်တွေရဲ့အလယ် ကောင်းကင်ပြာပြာကြီးကိုကြည့်၍ဆွေးနေသူတစ်ယောက်။
အနက်ရောင်ဝတ်ရုံရှည်ကိုဝတ်ဆင်ထားပြီး ခန့်ညားစွာဖြင့် ထိုလူဟာမတ်တပ်ရပ်လို့နေသည်။
နောက် လက်ထဲတွင်လည်းစာအုပ်ကြီးတစ်အုပ်ကိုကိုင်လျက်။
တခြားသောသူတော့မဟုတ် ထိုသူဟာစာပေအမတ်ကြီးJoonသာ။

အမှန်က Joonသည် (Hunkim)ဒေသကိုအပန်းဖြေရုံသက်သက်လိုက်လာခဲ့တာ။
ဒါမဲ့အခုတော့ အပန်းဖြေလို့ပင်မရပါ။
ဘာ့ကြောင့်ဆို..

" ဆရာ~ ကျတော်မျိုးကိုကူညီပေးပါအုန်း.."

မမြင်ရလေအောင် ပုန်းရှောင်နေပေမယ့်ရောက်လာသူသည် Joonအားအမျိုးမျိုးဒုက္ခပေးသည်။
Joonနားမလည်အပ်တဲ့ အရာတွေကိုအမြဲလာကူညီခိုင်းနေတာက joonအတွက်ငရဲလိုပင်။
ပူလောင်လွန်းတဲ့အရာတွေကိုJoonမကြိုက်ပါ။
အခုလို ရှေ့ကအပူသည်ရုပ်နဲ့သက်တော်စောင့်Jeonလိုမျိုးပေါ့။

Joonစကားမပြန်ဘဲ လာရာလမ်းအတိုင်းနောက်ကြောင်းလှည့်မည်လုပ်တော့ ရှေ့ကနေJeonကလာပိတ်ပြန်တာမို့ Joonကိုယ့်မျက်စံကိုတပတ်လည်လုပ်ပြီးသက်ပြင်းချကာ Jeonအား...

" Jeonအဲ့အကြောင်းတွေ ကျွန်ုပ်မသိဘူးလို့.."

" ဆရာကလည်း လုပ်ပါ။
Giပြန်ချစ်လာအောင် ကျတော်မျိုးဘာလုပ်သင့်လဲလို့~ အကြံလေးနည်းနည်းပေးပါဗျာ"

ကမ္ဘာပေါ်က အသေး(ငယ်)ဆုံးအရွက်တောင် ရှေ့ကJeonမျက်နှာလောက်သေးမယ်မထင်။
သေးပြနေလိုက်တဲ့မျက်နှာက Joonကိုအသက်ရှုခက်စေတယ်။
Joon သာJeonတောင်းတဲ့အကူအညီကိုလုပ်ပေးနိုင်ရင် ချင်ချင်းလုပ်ပေးချင်ပါတယ်။
ဒါပေမယ့် ကိုယ်မှမချစ်တတ်တာကို..။

" ဆရာရယ် ကူညီပါ။
ဆရာကူညီမှဖြစ်မယ့် ကျတော်မျိုးဘဝကိုကူညီပေးပါ"

" မဟုတ်သေးဘူးJeon
ကျွန်ုပ်ကချစ်လည်းမချစ်တတ်ဘူး အဲ့ဒီလိုအကြောင်းအရာတွေကိုဘယ်လိုကူညီရမယ်မှန်းမသိဘူးလေ။
Jeonစဉ်းစားကြည့်ပါအုန်းလား။ ကျွန်ုပ်ဘယ်လိုမျိုးကူညီနိုင်မှာမို့လို့လဲ?"

٥ အတ္တရယ်ပြိုင်﹏ ٥ (complete)Where stories live. Discover now