part 12 (New)

69 5 0
                                    

ဂျုံးကုရဲ့အချစ်ဦးဟာ ထယ်ယောင်းဖြစ်ပါတယ်ဆိုတဲ့
ဝန်ခံစကားကိုကြားပြီးနောက် ထိုအခန်းအတွင်း ဘာအသံမှထပ်မကြားရတော့ဘဲ
ငြိမ်သက်သွားတော့သည်။

ဂျုံးကုက ဘာမှမဖြစ်သလို ၊
ဗီရိုထဲက အင်္ကျီနဲ့ဘောင်းဘီယူကာ
အဝတ်လဲလိုက်တော့သည်။

ထယ်ယောင်းမှာတော့ အခုထိ စိတ်နဲ့လူနဲ့မကပ်ချင်သေး ။




"အောက်ထပ်မှာထမင်းသွားစားအုံးမယ် ။ လိုက်မှာလား ?"

အဝတ်လဲလို့်ပြီးပြီမလို့
ဂျုံးကုက ထယ်ယောင်းကိုမေးလိုက်သည်။

ဂျုံးကုအသံကြားတော့မှပဲ
အတွေးထဲနစ်မြောနေတဲ့ထယ်ယောင်းက
လက်ရှိကိုပြန်ရောက်လာပြီး .........

ဂျုံးကုမေးခွန်းနဲ့မဆိုင်တဲ့အဖြေတောင်မဟုတ်ဘဲ
သူ့စိတ်ထဲရှိနေတဲ့မေးခွန်းကို ထုတ်မေးလာသည်။


"ဂျုံးကု ၊ ဒါဆို အခု ငါတို့ကဘာတွေလည်း ??"


"ဟင် ......... ??
အာ ~~
ထယ်ယောင်းကရော ဘယ်လိုသတ်မှတ်ချင်သလည်း ?"


"မင်းပြောကြည့်လေ .... သူငယ်ချင်းပဲလား ?"

"ဟင့်အင်း ။ ကိုယ် မင်းနဲ့သူငယ်ချင်းမလုပ်နိုင်တော့ဘူးလေ ...
ကိုယ် .... ကိုယ်မင်းကို .... ချစ်တယ် ၊ ကင်မ်ထယ်ယောင်းကိုချစ်တယ် ~~"

"ငါလည်း .....မင်းကိုချစ်တယ် ၊
ချစ်တယ် ဂျုံးကု ....."

သူနောက်ဆုံးတော့ ဖွင့်ပြောနိုင်ခဲ့ပြီ။

ပြောပြီးတော့လည်း ဂျုံးကုကို
ထယ်ယောင်းက ပြေးဖက်လိုက်သည်။

ဂျုံးကုသည်လည်း အလားတူပြန်လည်ထွေးပွေ့ခဲ့ပြီး ....

"ကိုယ်က ပိုချစ်တာပါ ထယ်ယောင်းရယ် "

မကြာလိုက်ပါဘဲ ....

(ဟင့် * ဟစ်)

ရှိုက်သံတွေနဲ့အတူ ထယ်ယောင်းကိုယ်က တစ်ချက်တစ်ချက်တုန်နေတယ်၊

ဂျုံးကု ၊ ပခုံးထက်မှာ စိုစွတ်မှုကိုခံစားလိုက်ရတာမလို့
သေချာတယ်၊ ထယ်ယောင်းငိုနေပြီ ။

The Story of Anemone Where stories live. Discover now