ကိုယ့်အတွက် မဟုတ်တောင်
မင်းအပြုံးတွေကို
တစ်ခမ်းတစ်နားဖွင့်ချပါ။ကိုယ့်အတွက်သီးသန့်မဟုတ်လည်း
ချစ်ရသူထံမှဖြစ်တည်တာမလို့
ထိုအပြုံးတွေလှလွန်းတာ ကိုယ်ဝန်ခံပါရစေ။................................🍃🍃🍃🍃🍃🍃
"Jungkook ငါပြီးပြီ
မင်းအင်္ကျီတစ်ထည်လောက်ခဏငှားအုံး
ပြီးရင်မင်းလည်းချိုးလိုက်တော့ "စကားသံကြားတော့ ဧည့်ခန်းကဆိုဖာမှာထိုင်နေတဲ့ဂျုံးကုက
လှည့်ကြည့်သည်။ရေချိုးပြီးနောက်
အောက်ပိုင်းတစ်ဘက်တစ်ထည်နဲ့သာ
ထွက်လာသော ထယ်ယောင်းကြောင့်
ဂျုံးကုရဲ့အသက်ရှုသံတွေပင်မူမမှန်ချင်တော့။ထယ်ယောင်းအသားအရည်ကဖြူတာလည်းမဟုတ်၊
ခပ်ညိုညိုလေးနှင့်ဝင်းပြီးလှသည်။
ခန္ဓာကိုယ်အချိုးအစားကပြေပြစ်နေပြီး
ကြွက်သားအမြှောင်းတို့က ရေးတေးတေးပေါ်နေ၏။အကြည့်မလွှဲနိုင်ဖြစ်နေတာကိုမသိတဲ့
ထယ်ယောင်းကတော့ ဆံပင်တွေကို
သပ်တင်ကာ လက်နှင့်အသာခါနေသည်။အကြည့်မလွှဲနိုင်ပေမဲ့ခုနကမှသူဖြေရှင်းလာတဲ့
ဲ့ကိစ္စသေးသေးလေးကိုသတိရမိတော့ မျက်နှာကမည်းလာတော့တယ်။"ဂျွန်ဂျုံးကု ??!"
"ဟမ်...
"ဟာ... အင်္ကျီ ငှားဖိုပြောနေတာလေ
ဘာတွေတွေးနေတာလည်း
ဒီမှာအအေးပတ်သေတော့မယ်!""ပေးမယ် ....ခဏ ခဏစောင့်! "
တစ်ယောက်တည်းအတွေးပေါက်နေတာ...
ထယ်ယောင်းအော်မှပဲသတိဝင်တော့တယ်။*ဂျွန်ဂျုံးကုရေသတိထားစမ်းပါ !*
ဗီရိုတံခါးဖွင့်ပြီးထယ်ယောင်းနဲ့သင့်တော်မဲ့
အင်္ကျီရှာနေလိုက်သည်။အဆင်ပြေတာတစ်ခုက
ထယ်ယောင်းသည် သူနဲ့ sizeသိပ်မကွာပေ။"ရော့ ...ငါ့မှာ ဒါပဲရှိတယ်"
အင်္ကျီအဖြူလက်ရှည်ရယ်၊
အောက်ကဘောင်းဘီချည်သား
အမည်းရောင်အရှည်ရယ်ကို ထယ်ယောင်းအားကမ်းလိုက်သည်။
YOU ARE READING
The Story of Anemone
FanfictionJeon Jungkook x Kim Taehyung {KV} Both uni and zawgyi code ✔ Poems ~♥~ ချစ်ခြင်းတွေကို ကျွန်တော်တို့ ဝန်မခံနိုင်တော့တဲ့အခါ သူစိမ်းဆန်သွားကြတယ် ။ တစ်လိမ့်လိမ့်ကျဆင်းလာတဲ့ မျက်ရည်တွေကနေ ခင်ဗျား ကြိုက်တဲ့ပန်းတွေ ဖူးပွင့်လာမယ်။ ANEMONE ပန်းတွေဟာလှပါတယ်...