ဖုံးကွယ်ထားတဲ့ အမှန်တရားအချို့က
ခါးသီးနေမယ်။မပြောဖြစ်လိုက်တဲ့ စကားလုံးတွေ ....
နားမထောင်ဖြစ်လိုက်တဲ့ အသံလေးတွေ .....
ဖော်ပြခွင့်မရလိုက်တဲ့ အချစ်တွေ ....
မမြင်လိုက်ရတဲ့ ပျော်ရွှင်မှုတွေ ....
ခံစားလိုက်ရတဲ့ အမုန်းတရားတွေ ....ဒီတစ်သက်တော့ အတ္တဆန်ပြီး
ကိုယ့်အချစ်တွေကို သိမ်းထားလိုက်တော့မယ်။်ရာသီဥတုမကောင်းရင်
ကင်မ်ထယ်ယောင်းကို စိတ်ပူရတာက
အလုပ်တစ်လုပ်။ကလေးလည်းမဟုတ်ပါဘဲ
ဘယ်လိုဖြစ်လို့ အစစအရာရာ ကာကွယ်ပေးနေချင်မိမှန်း
သူ့ကိုယ်သူလည်း မမှန်းဆတတ်တော့ပါဘူး။တစ်ဖက်လူအတွက် ပူပန်ပေးနေရတာလည်း
ကိုယ့်ကိုယ်ကိုတောင် စိတ်မပူနိုင်လောက်အောင်ပါဘဲ။.................................................................
ဒီနေ့ ရာသီဥတုက အတော်လေးဆိုးရွားနေသည်။
မနက်ကတည်းက ရွာလိုက်တဲ့မိုးက
အခုထိမတိတ်နိုင်သေးဘူး။ကျောင်းဆင်းတော့ ဂျုံးကုဆီမှာပဲ
ထီးပါလာတယ်။'ထယ်ယောင်း'ဆိုတဲ့အကောင်ပေါက်က
ထီးမယူလာမိဘူးတဲ့။မနက်ကကျောင်းလာတော့
ဘာနဲ့လာလည်းဆိုတော့ ..."အိမ်က အမေကားနဲ့လာတာ" တဲ့။
"မိုးရာသီကြီးကို အိမ်ကထီးလေးလောက်တော့ယူလာသင့်တယ်မဟုတ်ဘူးလား ? rich kid ကင်မ်ထယ်ယောင်းလေးရဲ့ "
ဆိုပြီး ဆူပြစ်လိုက်ချင်တယ်။သူ့အတွေးနဲ့သူမလို့ Jungkookစိတ်ထဲကရယ်ချင်မိသွားပေမဲ့
ထယ်ယောင်းရဲ့ နောက်ဆက်တွဲစကားကြောင့်
မရယ်ဖြစ်တော့ပေ။"ငါထီးမပါလည်း မင်းငါ့ကို
လာခေါ်ပေးမှာသိနေတယ်လေ ဟင်းဟင်းဟင်း "" ?? "
"ငါအချိန်တိုင်းကြီး လာခေါ်ပေးနိုင်မှာမဟုတ်ဘူးနော်။
နောက်တစ်ခေါက်ကျမိုးလေဝသသတင်းလေး
ဘာလေးနားထောင် ....
လိုအပ်တာတွေယူခဲ့ဖို့မမေ့နဲ့ "
YOU ARE READING
The Story of Anemone
FanfictionJeon Jungkook x Kim Taehyung {KV} Both uni and zawgyi code ✔ Poems ~♥~ ချစ်ခြင်းတွေကို ကျွန်တော်တို့ ဝန်မခံနိုင်တော့တဲ့အခါ သူစိမ်းဆန်သွားကြတယ် ။ တစ်လိမ့်လိမ့်ကျဆင်းလာတဲ့ မျက်ရည်တွေကနေ ခင်ဗျား ကြိုက်တဲ့ပန်းတွေ ဖူးပွင့်လာမယ်။ ANEMONE ပန်းတွေဟာလှပါတယ်...