part 7

424 51 4
                                    

တိုက်ခန်းမှာ သူတို့နှစ်ယောက်စကားများ၊ပြသနာဖြစ်ပြီးတဲ့နေ့ကတည်းက
Taehyung ကိုကျောင်းမှာ ဂျုံးကုမတွေ့ရတာ
တစ်ပတ်လောက်ရှိတော့မယ်။


ထိုနေ့က မိုးတွေသည်းတယ်။
ချစ်ရသူအထင်လွှဲတာကိုခံခဲ့ရတယ်။

ထိုနေ့က Jungkook
လိုက်လည်းမရှင်းပြခဲ့သလို
သူကိုယ်တိုင်လည်း
စိတ်ထဲဗလာကျင်းနေခဲ့သည်။

အဲ့ဒီ့်နေ့က အထိုးခံလိုက်ရတဲ့ဂျုံးကုက
မိုးရေထဲထီးမပါဘဲပြေးထွက်သွားတဲ့ထယ်ယောင်းကို ထီးလိုက်မိုးပေးသင့်တယ်ဆိုတဲ့ အချက်ကိုသတိရပေမဲ့
ထိုနေရာမှာပဲ ငြိမ်သက်နေခဲ့တယ် ......

>>>>>>>>>>>>>>>>>>>>>>>>>>>>

နောက်တစ်နေ့လည်း
Jungkook ကျောင်းလာတော့
Taehyung ကိုမတွေ့။

'ကျောင်းပျက်ရက်တွေများပြီ Tae ,
မင်းကိုယ့်ကိုမုန်းနေပေမဲ့ ပညာရေးကိုတော့
ဂရုစိုက်သင့်တယ်မလား ? '

ကျောင်းခန်းထဲ ပထမတစ်ချိန်စတော့မဲ့အချိန်ထိ ဂျုံးကုထိုင်စောင့်နေခဲ့ပေမဲ့
အခုထိTaehyung ၏ အရိပ်ပင်မတွေ့ရ။

ဒီနေ့လည်း မလာပြန်ဘူး ထင်ပါရဲ့ ......

'နေမကောင်းတာလား ?
တစ်ခုခု မကောင်းတာများ ဖြစ်လို့လား ....?'

စိတ်ပူပေမဲ့ မျက်နှာချင်းလည်းမဆိုင်ရဲတာကြောင့်
အကြောင်းအရင်းခိုင်ခိုင်လုံလုံမရှိဘဲ
ထယ်ယောင်းအိမ်ကို သူသွားမတွေ့ရဲပေ။

.
.
.
.
.
.
.
.
စိတ်ထဲမှာတစ်ယောက်တည်းတွေးတောရင်း
ထိုင်နေတဲ့ဂျုံးကု ....

သူ့နာမည်ကို တစ်စုံတစ်ယောက်ကခေါ်တာကြားလိုက်ရသည်။

"Jungkook!!"

ထယ်ယောင်းအသံမဟုတ်ပေမဲ့
ထယ်ယောင်းများဖြစ်နေမလားလို့မျှော်လင့်ချက်နဲ့ ခေါင်းကိုဆတ်ခနဲလှည့်ကြည့်မိလိုက်သည်။

"ဂျက်ခ် ??"

သူတို့ ဘတ်စ်စကတ်ဘောလ်အသင်းက အဖွဲ့ဝင်တစ်ယောက်။

The Story of Anemone Where stories live. Discover now