part 6

592 63 2
                                    

ဂျွန်ဂျုံးကု (Jeon Jungkook)....
ဆိုတဲ့လူသားရဲ့ဖြစ်တည်မှုဟာ
ပြည့်စုံလွန်းတာထက်ကိုလွန်ကဲနေတယ်။

ခန့်ညားမှု ၊ အရှိန်အဝါတွေ

အက်ရှရှလေးနိုင်တဲ့ အသံချိုချိုလေးရယ် ...

ဘယ်ဘက်ပါးပေါ်ကအမာရွတ်လေးဟာ ...

ထယ်ယောင်းရဲ့အားနည်းချက်တွေ
ဖြစ်လိမ့်မယ်။

၁၀နှစ်နီးပါးသံယောဇဉ်ဟာ
အဖြူရောင်မှအရောင်နှယ်လာခဲ့သည်ထင်ပါရဲ့ .....

ဂျုံးကုရဲ့အရာအားလုံးကို
ထယ်ယောင်း စွဲမက်ခဲ့တယ်။

စွဲလမ်းမှုကတစ်ဆင့်
ပိုင်ဆိုင်ချင်စိတ်တို့လွှမ်းမိုးလာသည်။

သို့သော် ...

ဂျုံးကုဘက်က အေးဆေးစွာပဲ
ဘာအမူအရာမှသူ့အပေါ်ဖေါ်ပြခြင်းမရှိခဲ့။

တစ်နေ့တော့ ဂျုံးကုစာအုပ်အဖုံးအနောက်မှာ
ရောက်တက်ရောက်ရာ ရေးထားတဲ့
အချစ်ကဗျာတိုလေးများသည်
ထယ်ယောင်း၏စိုးရိမ်မှတ်ကိုတိုးစေခဲ့သည်။

မေးကြည့်မိတဲ့အခါ ......

"မင်းအပူပါလို့လား ?"
ဆိုသည့်စကားကြောင့်
သူဘယ်လောက်ဝမ်းနည်းခဲ့ရလည်း
ဂျုံးကုကတော့သိလိမ့်မည်မဟုတ်ခဲ့။

.
.
.
.
.
.

ထယ်ယောင်းအနမ်းခံလိုက်ရပြီးနောက်
ကျောင်းလည်းမသွား၊အပြင်လည်းမထွက်ဖြစ်ပေ။

ဂျွန်ဂျုံးကုရဲ့ ဖုန်းကိုမျှော်မိပေမဲ့
အဆုံးမှာတော့ ဂျုံးကုက သူ့အား
လေလှိုင်းမှတစ်ဆင့်တောင်
အခြေအနေမမေးရှာပါ။

အဲ့ဒီ့နေ့တုန်းက ရုတ်တရက်အနမ်းတစ်ခုကို
လက်ခံရရှိလိုက်သည်ကြောင့်
ပူထူသွားခဲ့သည်။

ဂျုံးကုကသူ့ကိုဘယ်သူနဲ့များ
မှားနမ်းလည်းဆိုတဲ့အတွေးတွေသာ
ခေါင်းထဲပေါ်လာခဲ့တာကြောင့်

သူမရည်ရွယ်ခဲ့ပေမဲ့ .... အပြင်မှာတော့ ဂျုံးကုမျက်နှာနဲ့ သူ့လက်သီးနဲ့က တစ်သားတည်းဖြစ်သွားခဲ့တယ် ...

ဂျုံးကုကို ထိုးမိပြီးဆဲရေးခဲ့လိုက်မိသည်။

စိတ်တိုနေတဲ့ထယ်ယောင်းက
မိုးရေထဲပြေးလွှားနေပေမဲ့
ဂျုံးကုကတော့ နောက်ကလိုက်လာခြင်းမရှိခဲ့ပေ။

The Story of Anemone Where stories live. Discover now