part 1

1.2K 114 8
                                    

ဖမ်းလို့မမိခင်မှာတင် ထွက်ပြေးသွားခဲ့ပြန်ပြီ။

ပြောပါတယ် ...
ကင်မ်ထယ်ယောင်းက
သူ့အတွက်တော့'လေ'လိုပါပဲ။
အသက်ရှင်ဖို့ လိုအပ်တယ်။ ဒါပေမဲ့ဘယ်တော့မှပိုင်ဆိုင်ခွင့်မရှိပြန်ဘူး။

.................................................................
တစ်ခုသောနေ့လည်ခင်း၏
Seoul ကျောင်းတော်အတွင်း။

" Jungkook မင်း အဓိပ္ပာယ်မရှိတာတွေ
ထိုင်တွေးနေမဲ့အစား ရည်းစားလေးဘာလေး
ထားပါလား ?? "

"မင်းအပူမပါဘူး"

"အေးပါ .... ငါက စိုးရိမ်လို့ပြောတာကို ....
တော်ကြာရူးသွားမှာစိုးလို့"



အတန်းနားချိန်မှာ နားကြပ်တစ်ဖက်နဲ့
စာရေးနေတဲ့ ဂျုံးကုကိုထယ်ယောင်းက
တွေးတွေးဆဆပြောလာသည်။

ဒါပေမဲ့ သူသတိထားမိတာက
ကင်မ်ထယ်ယောင်းရဲ့ မျက်လုံးနဲ့နှုတ်ခမ်းတွေသာ။

ထယ်ယောင်း မင်းသိလား ?

မင်းမျက်လုံးတွေက ကြည်တောက်နေတာပဲဆိုတာ။
လေးထောင့်ဆန်ဆန်အပြုံးလေးတွေကိုလည်း
အဖန်တစ်ရာနှစ်သက်ရတယ်။


ထယ်ယောင်းကထပ်ပြောလာသည်။

"ငါတောင် ချစ်သူရှိသွားပြီ။
မင်းအထီးကျန်နေမှာစိုးလို့ပြောပြတာ"

တစ်ဆိတ် ....
'Taehyung မှာချစ်သူရှိသွားပြီ' တဲ့လား ?

မသိလိုက်တဲ့အချိန်လေးအတွင်းမှာ
ထယ်ယောင်းက အခြားတစ်ယောက်နဲ့ ?

မခံစားရဘူးပြောရင် လိမ်ရာကျသွားမှာပေါ့။

နှလုံးသားနဲ့ ပြောစကားတွေက
ထပ်တူကျချင်မှကျမယ်။

ငိုကြွေးနေတဲ့ နှလုံးသားကို
စကားကြမ်းတွေနောက်ဖွက်ထားလည်း
ရနေတာပဲ။




"အင်း ... ဂုဏ်ပြုပါတယ်"

"ဟင်း .... မင်းနေမကောင်းဘူးလား ?? "

"ဘာလို့မေးတာလည်း ? "

"ငါက မင်းကိုစိတ်ချပြီး
ရည်းစားထားနိုင်မယ်ထင်လား ?
မင်းကို စိတ်ပူနေတာနဲ့တင်
ငါ့ရည်းစားတောင်စိတ်ကုန်ပြီးပြတ်သွားနိုင်တယ်
သိရဲ့လား ဂျွန်ဂျုံးကု ..... ဟမ် !?"


The Story of Anemone Where stories live. Discover now