part 11 (New)

233 23 2
                                    

ဆေးရုံကပြန်လာတော့ ညနေ 3နာရီထိုးနေပြီမလို့ ထယ်ယောင်းလည်းဗိုက်ဆာတာနဲ့
နေ့လည်စာ စားလိုက်တော့သည်။

ဂျုံးကုကတော့ ရာသီဥတုပူလို့
ရေအရင်ချိုးအုံးမယ်ဆိုပြီး အပေါ်တက်သွားနှင့်တယ် ။

ထယ်ယောင်း စားလို့ပြီးတော့
အပေါ်ထပ်တက်လာလိုက်သည်။
ဂျုံးကုအခန်းထဲဝင်လိုက်ပြီး ထိုအခန်းထဲက
ကုတင်အကျယ်ကြီးရဲ့အစွန်နားလောက်မှာ
ခေါင်းအုံးလေးပိုက်ပြီး ကျုံ့ကျုံ့လေးထိုင်နေသည်။

ရေသံကြားတာမလို့ ဂျုံးကုကတော့
ရေချိုးခန်းထဲမှာ ရေချိုးနေပြီထင်တယ်။

သူ ဆေးရုံကဆင်းလာကတည်းက
သူ့ဖုန်းကိုမတွေ့မိတာကြောင့် ...

"ဂျုံးကု ..... ငါ့ဖုန်းရော ??"

ရေချိုးနေတဲ့ဂျုံးကုကို လှမ်းမေးလိုက်သည်။

"အားသွင်းပေးထားတယ် .....
ခေါင်းအုံးအောက်မှာလား မသိဘူး ?
အချစ်ကလေးထယ်ယောင်းကပဲ ရှာကြည့်လိုက်နော်~"

ရေချိုးသံတွေကြားက
ဗလုံးဗထွေးနှင့်ပြန်ဖြေသည်။

အချစ်ကလေး !?

ထယ်ယောင်းဆိုရပြီပေါ့

ဒီကောင် သက်သက်ကိုစနေတာ !

ခုတုံးပြန်မလုပ်တော့ပဲ ခေါင်းအုံးအောက်တွေ
ရှာကြည့်တော့ မတွေ့။

ထပ်မေးမယ် လုပ်တော့မှ အိပ်ရာအောက်က
ဖုန်းအမည်းလေးကိုတွေ့လိုက်ရသည်။

*ဪ .....ဖုန်းအားကို ဒီပုံစံမျိုးနဲ့သွင်းထားတာလား ?
ထွက်လာရင် မင်းသေပြီ ဂျွန်ဂျုံးကု ! *

ကြည့်အုံးသွင်းထားတဲ့ပုံကိုလည်း !

ပလက်ခုံက အံဆွဲအောက်လောက်မှာဆိုတော့
အားသွင်းကြိုးက ခုတင်ပေါ်ရောက်ဖို့မမှီ။

အဲ့တာကို ဉာဏ်ကြီးရှင်က ဖုန်းကိုပါ
အောက်ချပြီး သွင်းထားတယ်။

ကုတင်အောက်ကျနေတဲ့ ဖုန်းကို ယူလိုက်တော့
ပါဝါပိတ်နေတဲ့ဖုန်း ...

The Story of Anemone Where stories live. Discover now