ထယ်ယောင်းက သူ့လက်ပေါ်တင်
မေ့လဲသွားတာမလို့
ဂျုံးကုလည်း အများကြီးတွေးမနေတော့ဘဲ
ဆေးရုံကိုခေါ်လာလိုက်သည်။ဆေးရုံရောက်တော့ ဆရာဝန်က ထယ်ယောင်းကို
ခဏလောက် အောက်စီဂျင်ရှူခိုင်းပြီးမှ
အားဆေးသွင်းလိုက်ရတယ်။"နောက်နာရီဝက်လောက်ဆိုရင်တော့
လူနာက သက်သာသွားမှာပါ ""သူဘာဖြစ်တာလည်းဟင် ဆရာ"
"လူနာက ရှောခ့်ရသွားတာလို့ပြောလို့ရတယ်။
ကျွန်တော်တို့လည်းအကြောင်းအရင်းမသိဘူးပေါ့လေ။
လူနာက ရှောခ့်ရပြီး အသက်ရှူမဝတော့တာ။
အရင်ကတည်းကလည်း အားနည်းနေတာနဲ့ အခုလိုမေ့လဲသွားတာပါ""ဟုတ် ။ ကျေးဇူးတင်ပါတယ် ဆရာ"
ဆရာဝန်ထွက်သွားတော့
ဆေးရုံခန်းထဲ သူရယ်၊ထယ်ယောင်းရယ်ပဲ
ကျန်တော့သည်။ဆေးရုံကုတင်ပေါ်လှဲနေရတဲ့ထယ်ယောင်းကို
မေးစရာတွေပုံနေပေမဲ့
အခုလောလောဆယ်တော့
Receptionမှာဆေးသွားဝယ်ရအုံးမယ်။
နောက်ပြီး ထယ်ယောင်းနိုးလာရင် ဗိုက်ဆာမှာစိုးလို့
စားစရာလည်းဝယ်ရအောင်
အခန်းထဲကအရင်ထွက်လာလိုက်သည်။45မိနစ်ကျော်လောက် အချိန်ကုန်သွားပြီးနောက်
ဆေးကဒ်တွေရယ်၊ အသားခေါက်ဆွဲပြုတ်၊ ကွေကာဖျော်ရည်ဘူးနဲ့ အခြားသရေစာထုပ်တွေကို
လက်အပြည့်ကိုင်ကာ အခန်းထဲပြန်လာခဲ့သည်။သူအခန်းထဲရောက်တော့
ထယ်ယောင်းက နိုးနေပြီဖြစ်ပြီး
ကုတင်ခေါင်းရင်းကိုမှီကာ
ရေထိုင်သောက်နေတယ်။"နိုးလာပြီလား ?"
ဂျုံးကုက သူ့လက်ထဲကအထုပ်တွေကို
စားပွဲပေါ်ချကာ ထယ်ယောင်းကိုမေးလိုက်သည်။"အင်း .....အခုလေးတင်ပဲ ။
မင်း ဘယ်သွားတာလည်း ?""စားစရာတွေ သွားဝယ်လာတာ"
စားပွဲအပြည့်ဖြစ်နေတဲ့ မုန့်ထုပ်တွေရယ်၊
ဘူးတွေရယ်ကို ဂျုံးကုက မျက်စပြစ်ကာပြောပြလာသည်။
YOU ARE READING
The Story of Anemone
FanfictionJeon Jungkook x Kim Taehyung {KV} Both uni and zawgyi code ✔ Poems ~♥~ ချစ်ခြင်းတွေကို ကျွန်တော်တို့ ဝန်မခံနိုင်တော့တဲ့အခါ သူစိမ်းဆန်သွားကြတယ် ။ တစ်လိမ့်လိမ့်ကျဆင်းလာတဲ့ မျက်ရည်တွေကနေ ခင်ဗျား ကြိုက်တဲ့ပန်းတွေ ဖူးပွင့်လာမယ်။ ANEMONE ပန်းတွေဟာလှပါတယ်...