အကယ်လို့များ ပျော်ရွှင်ရတဲ့အကြောင်းအရင်းတွေ
မရှိတော့ရင် လူတွေရယ်မောနိုင်ကြပါ့အုံးမလား ?"မင်းအခုဘာလုပ်လိုက်တာလည်း ?"
ထယ်ယောင်းမေးသော်လည်း
ဘာမှပြန်မဖြေတဲ့ဂျုံးကုက
သူ့လက်မောင်းကိုသာ
တွေတွေကြီးစိုက်ကြည့်နေသည်။"ဂျွန်ဂျုံးကု ! ငါမေးနေတယ်လေ ... မင်းဘာလုပ်လိုက်တာလည်းလို့ !!?"
လဲကျနေရာမှတဖြည်းဖြည်းထကာ
သူ့အနားကိုတရွေ့ရွေ့တိုးလာတယ်။ထယ်ယောင်းမျက်လုံးတွေကတကယ်
ဂနာမငြိမ်။ စိတ်တိုနေတဲ့ အငွေ့အသက်တွေကြောင့်
ထယ်ယောင်းကိုယ်က နိမ့်ချည်၊မြင့်ချည်ဖြစ်နေသည်။ခေါင်းငိုက်စိုက်ချကာ သူ့အနားရောက်လာပြီဖြစ်တဲ့ဂျုံးကုက
သူ့ရဲ့သွေးထွက်နေပြီဖြစ်တဲ့လက်မောင်းကို
ခပ်ဖွဖွကိုင်ကာ တိုးစွာ၊ညှင်းစွာပြောသည်။"ငါ .....
ငါ .... အမှိုက်ဖယ်ပေးလိုက်တာပါ။
မင်းလက်မောင်းကိုဆေးထည့်ရအောင်"လိမ်နေတာ !
နှုတ်ခမ်းတွေနဲ့ သူ့နှဖူးကိုထိကပ်ပြစ်လိုက်တာ
ကာယံကံရှင်ကိုယ်တိုင်ထက်
ပိုသိနိုင်မလား ?*ဘာလို့လည်း ? ဂျုံးကုက ဘာလို့လည်း ?*
"ဆေးသွားယူပေးမယ်။ထိုင်အုံးနော်"
ပြောပြီးထွက်သွားတဲ့ဂျုံးကုသည်လည်း
စိတ်နှင့်လူနှင့်မကပ်သလို။ခုံပေါ်ကိုစိတ်မောစွာထိုင်ချလိုက်ပြီးမှ
စောနက နာရကောင်းမှန်းမသိတဲ့
ပလတ်ကြိုးနဲ့ရိုက်မိသွားတဲ့လက်မောင်းရင်းနားကဒဏ်ရာက စပ်လာသည်။ထယ်ယောင်းသိတဲ့ဂျုံးကုက
မိန်းကလေးတစ်ယောက်ကို မြတ်နိုးဖူးတယ်။
သေချာမသိပေမဲ့ အဲ့ဒီ့မိန်းကလေးကြောင့်
အထက်တန်းနောက်ဆုံးနှစ်မှ
ဆိုးလ်ကိုပြောင်းသွားခဲ့တယ်။
ထယ်ယောင်းတို့လည်း
အမေတာဝန်ကျရာ ဆိုးလ်ကို
အခြေချလာရပြီး အခုတက္ကသလိုလ်တက်မှသာ
ပြန်တွေ့ရသည်။ဒါတောင်မေဂျာတူလို့ပေါ့ ...မဟုတ်ရင်
သူတို့နှစ်ဦးပြန်တွေ့ကြပြီး
စကားပြောဖြစ်လောက်မှာမဟုတ်ချေ။
YOU ARE READING
The Story of Anemone
FanficJeon Jungkook x Kim Taehyung {KV} Both uni and zawgyi code ✔ Poems ~♥~ ချစ်ခြင်းတွေကို ကျွန်တော်တို့ ဝန်မခံနိုင်တော့တဲ့အခါ သူစိမ်းဆန်သွားကြတယ် ။ တစ်လိမ့်လိမ့်ကျဆင်းလာတဲ့ မျက်ရည်တွေကနေ ခင်ဗျား ကြိုက်တဲ့ပန်းတွေ ဖူးပွင့်လာမယ်။ ANEMONE ပန်းတွေဟာလှပါတယ်...