'တာရာရေ..တာရာ..တာရာ..'
'အင်း..'
'ထတော့ ကျောင်းသွားရတော့မယ်'
'ထချင်သေးဘူး ၅မိနစ်လောက် နော် နော် လုပ်ပါနော်'
'မရဘူး အခုထ ရေချိုးပြီးပြန်ထွက်လာလို့မှ မထသေးရင် ဒီနေ့ကျောင်းကို ခြေလျှင်သွားရမယ်မှတ်'
'အယ်..အယ်..ထပြီ..ထပြီ'
စွဲညို့လည်း မောင့်ကို နှိုးပြီးတာနဲ့ ရေချိုးခန်းထဲဝင်လာခဲ့သည်။
စွဲညို့ ရေချိုးပြီးထွက်လာတော့ ကလေးဆိုးက အိပ်ရာပေါ်မှာ ထိုင်ပြီး အိပ်နေသည်။
'တာရာ ခုထိမထသေးဘူးလား'
'အယ်..အယ်..ထပြီ'
*ဘုတ်*
'အား...သေပါပြီ'
မောင်အိမ်နေတာကို ကျမကနှိုးလိုက်တော့ အလန့်တကြားနဲ့ထတာ ကုတင်ပေါ်က ပြုတ်ကြလေသည်။
'အယ် တာရာ ထ..ထ..ပြစမ်း ဘယ်နားနာသွားသေးလည်း'
'တံတောင်ဆစ် နာတယ်'
ကြည့်လိုက်တော့ တံတောင်ဆစ်ပေါ်က အမာရွတ် သေးသေးလေး ဘေးမှာ နောက်ထပ် ဒဏ်ရာတစ်ခု။
'လာ..လာ..တီချယ် ဆေးထည့်ပေးမယ်'
'ရေအရင်ချိုးအုန်းမယ်'
'ဟုတ်တယ် သွား ရေအရင်သွားချိုး'
တာရာလည်း ရေချိုးပြီး ကျောင်းဝတ်စုံလဲကာ အပြင်ထွက်လာခဲ့သည်။
တီချယ်က တာရာ့ကို ဧည့်ခန်းထဲမှာ စောင့်နေသည်။ တီချယ်က ကျောင်းဝတ်စုံ အဖြူ အစိမ်းလေးနှင့် အလွန်လိုက်ဖက်နေသည်။ မိတ်ကပ်ပါးပါးလိမ်းကာ ဆံပင်များကို စုပြီး ဆံထုံးထုံးသည့် ပုံစံမှာ အလွန်ပင် ကျက်သရေရှိလှသည်။
'တာရာ လာ ဆေးထည့်ပေးမယ်'
'ဟုတ်ကဲ့'
ဆေးဘူးများကို အစီအရီချထားကာ တာရာ့ကို အသေအချာ ဆေးထည့်ပေးနေသည်။
'အာ့'
'စပ်လို့လား တာရာ တီချယ် မှုတ်ပေးမယ်နော်'
'တီချယ်က အရမ်းလှတာဘဲနော်'
'ဟင်..'
'တီချယ်က အရမ်းလှတာဘဲလို့'
YOU ARE READING
ညို့
Romance'ညို့ရယ် နာမည်နဲ့လိုက်အောင် သိပ်ညို့တာဘဲ....တာရာမောင်မောင်မှာတော့ ကြွေပြီးရင်း ကြွေနေရပြီဗျာ...' တာရာမောင်မောင် 'အို...စကားတတ်တိုင်း လျှောက်ပြောမနေနဲ့ တာရာမောင်မောင် ဒို့ကိုတကယ်ချစ်ရင် မင်...